မတော်တဆ ထိခိုက်ရှနာ ဒဏ်ရာတွေ ဖြစ်တဲ့အခါ တော်တော်များများဟာ ဒဏ်ရာပေါ် မူတည်ပြီး ဆေးရုံ၊ ဆေးခန်း သွားကြတာမျိုးက ရှားပါတယ်။ ထိခိုက်ဒဏ်ရာ အသေးစားလေးပဲဆိုပြီးတော့ ပေါ့ဆမနေသင့်ဘဲ ဒဏ်ရာသက်သာစေဖို့နဲ့ ကူးစက်ပိုးမွှားတွေ မဝင်နိုင်စေဖို့အတွက် အလွယ်တကူ ပြုလုပ်နိုင်တဲ့ အိမ်တွင်းကုထုံး နည်းလမ်းတချို့ကို ပြန်လည် မျှဝေပေးချင်ပါတယ်။
(၁) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ် ဂျယ်လ်ဟာ အပူလောင်တာ အပါအဝင် ထိခိုက်ရှနာ ဒဏ်ရာတွေ ဖြစ်ပေါ်တဲ့အခါ ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ကူးစက်ပိုးမွှား ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါ ရေနဲ့ အရင်ဆေးကြောပြီးတာနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ်လောက် သုတ်လိမ်းပေးနိုင်ပါတယ်။
(၂) ဆားရည်
ဆားဟာဆိုရင်လည်း ထိခိုက်ဒဏ်ရာဖြစ်တဲ့အခါ အနာကျက်နှုန်းကို မြန်စေတဲ့အပြင် ပိုးဝင်တာ၊ ရောင်ရမ်းတာမျိုးကိုပါ လျော့ပါး သက်သာစေနိုင်ပါတယ်။ ရေသန့် တဖန်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်း တဇွန်းလောက် ထည့်ပြီး ထိခိုက်ဒဏ်ရာဖြစ်နေတဲ့ အရေပြားပေါ်ကို ဆေးကြောပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။
(၃) ရေခဲ
အပူလောင်ဒဏ်ရာတွေဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်သံယိုတွေ ဖြစ်တဲ့အခါမျိုးမှာဖြစ်ဖြစ် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို ရပ်တန့် သက်သာစေနိုင်တာကတော့ ရေခဲကပ်ပေးတာပဲ ဖြစ်ပါတယ်။
(၄) ပျားရည်
ပျားရည်ဟာ ဆိုရင်လည်း ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်ပြီး အနာကျက်မြန်စေတာကြောင့် ထိခိုက်ရှနာဖြစ်တာ၊ ပွန်းပဲ့ဒဏ်ရာနဲ့ အပူလောင်တာလို အသေးစားထိခိုက်မှုတွေဖြစ်တဲ့အခါ အရေပြားပေါ်လိမ်းကျံပေးနိုင်ပါတယ်။
Ref. food.ndtv.com
You may also like these stories:
ခန္ဓာကိုယ်မှာ ဖြစ်လေ့ရှိတဲ့ အသားပိုတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းများ
အိန္ဒိယသူတွေ အသုံးပြုတဲ့ ဆံပင်အရှည်မြန်စေတဲ့ လျှို့ဝှက်ချက်နည်းလမ်းများ
ကျန်းမာရေး ပြဿနာအချို့ကို ဖြေရှင်းနိုင်တဲ့ ထူးထူးဆန်းဆန်း နည်းလမ်းများ