သွားကိုက်တာဟာ ခံစားရခက်တဲ့ ကျန်းမာရေး ပြဿနာတွေထဲကတခုဖြစ်ပြီး သွားကိုက်တာနဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ တခုခုကြောင့်လို့ အများစုက ထင်ထားကြတာပါ။
ဒါပေမဲ့ သွားကိုက်တယ်လို့ ထင်ရတဲ့ နာကျင်မှုမျိုးဟာ ခန္ဓာကိုယ်မှာ တခြားသော ကျန်းမာရေးပြဿနာ တမျိုးမျိုးဖြစ်တဲ့အခါမှာလည်း ရောဂါလက္ခဏာအနေနဲ့ ပြသတတ်တာကြောင့် ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) မေးရိုးပြဿနာ
သွားကိုက်၊ သွားနာတဲ့အခါ ခံစားရတဲ့ နာကျင်မှုမျိုးဟာ သွားနဲ့ခံတွင်း ကျန်းမာရေးကြောင့် မဟုတ်ဘဲ မေးရိုး ပြဿနာကြောင့်လည်း ခံစားရနိုင်ပါတယ်။ မေးရိုး အဆစ်တွေရဲ့ အဆက်နေရာတွေ ချို့ယွင်းမှုပြဿနာ တစုံတရာ ဖြစ်တဲ့အခါမျိုးမှာလည်း ပါးစပ်ဟတဲ့အခါနဲ့ အစာစားတဲ့အခါမျိုးမှာ သွားနာ၊ သွားကိုက်တဲ့ နာကျင်မှုမျိုးကို ခံစားရတတ်ပါတယ်။
(၂) နှလုံးကျန်းမာရေး ပြဿနာ
နှလုံးကျန်းမာရေးပြဿနာ တစုံတရာရှိတဲ့ အခါမျိုးမှာလည်း ဘယ်ဘက် ပုခုံးနာကျင်တာ၊ လက်မောင်းအရင်းပိုင်းတွေ နာတာနဲ့ သွားကိုက်တာ၊ သွားနာတာ၊ မေးရိုးနာကျင်တာမျိုးတွေ ခံစားရတတ်ပါတယ်။ ရင်ဘတ်အောင့်မှ၊ မောပန်းလွယ်မှ နှလုံးရောဂါလို့ တော်တော်များများက ထင်တတ်ကြပြီး သွားနဲ့ခံတွင်း ကျန်းမာရေး ပြဿနာတွေ မရှိဘဲ သွားနာ၊ သွားကိုက်တာမျိုးဟာလည်း နှလုံးကျန်းမာရေးပြဿနာရှိတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။
(၃) အဆုတ်ကျန်းမာရေးပြဿနာ
အဆုတ်ကျန်းမာရေးပြဿနာ ရှိတဲ့အခါမျိုးမှာလည်း သွားကိုက်တဲ့ နာကျင်မှုမျိုးကို ခံစားရတတ်ပြီး အဆုတ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ လည်ပင်းနဲ့ ဦးခေါင်းတဝိုက်ကို ရောဂါ ပျံ့နှံ့သွားတဲ့အခါမျိုးမှာ သွားကိုက်တာနဲ့ မေးရိုးနာကျင်တာမျိုးကို ခံစားရတတ်ပါတယ်။
Ref. www.brightside.me
မကြာခဏ မေ့လျော့ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာများ
ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ ပါဝင်လာတဲ့ အထီးကျန်ခြင်း ဝေဒနာ