ကိုရိုနာဗိုင်းရပ်စ် အမြန်စစ်ဆေး ကိရိယာကို တရုတ်ပညာရှင်များ တီထွင်
ကူးစက်ပျံ့နှံ့မှုနဲ့ လူသေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ် ရှိ၊ မရှိ အမြန်စစ်ဆေးသိရှိနိုင်တဲ့ ကိရိယာကို တရုတ်နိုင်ငံမှ ပညာရှင်တွေက တီထွင်ဖန်တီးလိုက်ပြီလို့ သိရပါတယ်။
COVID-19 ဗိုင်းရပ်စ် အမြန်စစ်ဆေးတဲ့ အဲဒီကိရိယာကို ဓာတ်ခွဲခန်းနဲ့ လက်တွေ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ကိရိယာကို တရုတ်ကျန်းမာရေးကော်မရှင် ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆေ
ကိရိယာအသစ်ဟာ သွေးတစက်ကို စစ်ဆေးကြည့်ပြီး IgM ပဋိပစ္စည်းများ ရှိ၊ မရှိ သိရှိနိုင်မှာ ဖြစ်ပါတယ်။ IgM ဟာ ရောဂါကူးစက်မှုအသစ်တစ်ကို တုံ့ပြန်တွန်းလှန်ဖို့အတွက် လူ့ခန္ဓာကိုယ်မှ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ပဋိပစ္စည်းများ ဖြစ်ပါတယ်။
COVID-19 ဗိုင်းရပ်စ် စစ်ဆေးရာမှာ အခု အသုံးပြုနေတဲ့ RT-PCR nucleic acid စစ်ဆေးမှုတွေနဲ့ နှိုင်းယှဉ်ပါမယ်ဆိုရင် ကိရိယာအသစ်က ပိုမိုရိုးရှင်းလွယ်ကူပြီး အချိန်တိုအတွင်း တိကျမြန်ဆန်တဲ့ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင် သိရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးတဲ့ ကိရိယာအသစ်ကို ဗိုင်းရပ်စ်ကူးစက်မှု အဓိကဖြစ်ပွားရာ ဟူဘေးပြည်နယ်ရှိ ဆေးရုံတရုံမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။ RT-PCR nucleic acid စစ်ဆေးမှုအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိကြောင်း အဖြေထွက်ထားခဲ့တဲ့ လူနာအချို့ကို ယခုကိရိယာအသစ်ဖြင့် ပြန်လည်စစ်ဆေးခဲ့တဲ့အချိန်မှာ အများစုမှာ IgM ပဋိပစ္စည်းများ တွေ့ရှိရကြောင်း အဖြေထွက်ခဲ့တယ်လို့လည်း CGTN က ဖော်ပြထားပါတယ်။
အဲဒီ ကိရိယာနဲ့ လူနာရဲ့သွေးကို စစ်ဆေးကြည့်ပြီး အချိန် ၁၅ မိနစ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိ
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စတင် ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အမြောက်အများမှာ ကူးစက်နေပြီး ကမ္ဘာကျန်းမာရေးအဖွ့ဲအစည်းက ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပါတယ်။
Ref. xinhuanet.com, CGTN, Reuters
You may also like these stories:
ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်
ဝူဟန်ဗိုင်းရပ်က တရုတ်နှင့် နီးလာမည့် မြန်မာကို စိုးရိမ်စေသည်
တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ရာနဲ့ချီပြီး ဆက်လက် ကူးစက်နေ