Health

တောင်ကိုရီးယားနဲ့ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံး

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရသူတွေထဲက တယောက်ဟာ သေဆုံးသွားတယ်လို့ ယနေ့၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ထပ်တိုး ၂၂ ယောက်အပါအဝင် စုစုပေါင်း ၁၀၄ ယောက် ရှိသွားပါပြီ။ သေဆုံးသွားတဲ့ ကူးစက်ခံလူနာကို လေ့လာစုံစမ်းမှုတွေ လုပ်သွားမယ်လို့ ကိုရီးယားအမျိုးသား ရောဂါထိန်းချုပ်ကာကွယ်ရေးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူဟာ မြောက်ပိုင်း Gyeongsang ဒေသ၊ Chengdo မှာရှိတဲ့ ဆေးရုံကလို့ ဆိုပါတယ်။

တောင်ကိုရီးယား တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေရဲ့ သုံးပုံနှစ်ပုံဟာ လူဦးရေ ၂ ဒဿမ ၅ သန်းကျော်နေထိုင်တဲ့ နိုင်ငံတောင်ပိုင်း Daegu မြို့ကဖြစ်ပြီး ဒီထဲက ၁၀ ယောက်ကတော့ ဘုရားရှိခိုးကျောင်းမှာ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရာက ကူးစက်ခံရတာကြောင့် ဒေသခံလူတွေကို အိမ်ပြင်မထွက်ကြဖို့ နှိုးဆော်ထားပါတယ်။

နောက်ထပ် တနိုင်ငံကတော့ အရှေ့အလယ်ပိုင်းက အီရန်နိုင်ငံဖြစ်ပြီး ကူးစက်ခံရာကနေ နှစ်ယောက်လုံးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဆိပ်ကမ်းကပ်ခွင့်မရ ဖြစ်နေတဲ့ Diamond Princess အပျော်စီး သင်္ဘောကြီးပေါ်ကနေ ပြန်လည် ခေါ်ဆောင်လာတဲ့ အသက် ၈၀ ကျော်အရွယ် အဘိုးအဘွား နှစ်ယောက်လုံး ကူးစက်ခံရပြီး ဆေးရုံတက် ကုသနေရာက သေဆုံးသွားခဲ့တယ်လို့ NHK သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အဓိက ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံတွင်းမှာတော့ ဖေဖော်ဝါရီလ ၁၉ ရက်ထိ ထပ်မံကူးစက်ခံရသူ ၃၉၄ ဦးရှိကာ ၁၃၆ ဦးသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၂,၁၁၈ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။ ကူးစက်ခံ လူနာအရေအတွက်ကတော့ လက်ရှိအချိန်ထိ ၇၄,၅၄၆ ဦး ရှိပါတယ်။

တရုတ် အကယ်ဒမီ စက်မှုတက္ကသိုလ်မှာ လက်ထောက်ဒါရိုက်တာဖြစ်သူ Wang Chen က “ကိုရိုနာဗိုင်းရပ်စ်က ၂၀၀၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ SARS ရောဂါလိုမျိုး လအတော်ကြာ ကူးစက်ပြီး ပျောက်သွားမယ့်ပုံစံမျိုး မဟုတ်ပါဘူး။ တုပ်ကွေးရောဂါပိုးလိုပဲ ကျန်ရှိနေမယ့် ဗိုင်းရပ်စ်တမျိုးပါ။ ကျနော်တို့တွေ နောက်ပိုင်းလည်း ဗိုင်းရပ်စ် ကာကွယ်ရေးတွေ သေချာပြင်ဆင်ထားဖို့ လိုပါတယ်” လို့ ဆိုပါတယ်။

Ref: Washington Post

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် အမြန်စစ်ဆေး ကိရိယာကို တရုတ်ပညာရှင်များ တီထွင်

သွားကိုက်တယ်လို့ အထင်မှားတတ်ကြတဲ့ တခြားသော ရောဂါလက္ခဏာများ

ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ အသုံးပြုနေတဲ့ မိတ်ကပ် အမျိုးအစားကို သတိထားသင့်

Did you find apk for android? You can find new Free Android Games and apps.
Loading