နည်းပညာတွေ၊ စက်မှုလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမှုနဲ့အတူ ရာသီဥတုပြောင်းလဲမှုတွေက ဖြစ်ပေါ်လာနေတာပါ။ အပူချိန်တွေ မြင့်တက်လာတာ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက် လာတာ၊ ရေကြီးရေလျှံမှုတွေနဲ့ ဂေဟစနစ်ပျက်စီးလာမှုတွေကလည်း တဖြည်းဖြည်းနဲ့ ဆိုးရွားလာနေတာလည်း ဖြစ်ပါတယ်။
ဒီလိုပျက်စီးမှုတွေ မြင့်တက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုနေထိုင်ရတဲ့ လူသားတွေအပေါ်ပါ သက်ရောက်မှုတွေ ရှိနေတာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုဟာ ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်မှုတွေ ရှိနေတယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်
တနှစ်ထက်တနှစ် ရာသီဥတု အပူချိန်မြင့်တက်လာတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်မှုကို ပိုမိုမြင့်တက်စေပြီး စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်မှုများတာ၊ စိတ်အတက်အကျမြန်တာတွေအပြင် ဦးနှောက်နဲ့အာရုံကြော ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းတခြမ်းကိုက်တာ အပါအဝင် ခေါင်းအုံတာ၊ စိတ်ကြည်လင်လန်းဆန်းမှုမရှိတာ စတတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) အရေပြားကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်စေနိုင်တယ်
ရာသီဥတုပြောင်းလဲလာပြီး လေထုညစ်ညမ်းမှု မြင့်တက်လာတာဟာ အရေပြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပြီး အသားအရေခြောက်သွေ့ကြမ်းတမ်းတာ၊ အရေပြားနီမြန်းရောင်ရမ်းတာ၊ အသားအရေပျက်စီး တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ပိုမိုထူပြောလာနိုင်တယ်
ရာသီဥတုပြောင်းလဲလာမှုဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေအပြင် ခြင်ကနေတဆင့် ကူးစက်ဖြစ်ပွားတတ်တဲ့ ရောဂါတွေကိုပါ ပိုမိုများပြား လာစေနိုင်ပါတယ်။
Ref. www.womenshealth.com
You may also like these stories:
ဆားစားသုံးမှုများနေပြီဆိုတာ သတိပေးနေတဲ့ ကျန်းမာရေး လက္ခဏာ ၅ ခု
မကြာခဏ မေ့လျော့ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာများ
အထိုင်များသူတွေအတွက် ကယ်လိုရီလောင်ကျွမ်းစေတဲ့ နည်းလမ်းများ