ရိုးရာဆေးနည်းတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အရေးပါမှုဟာ ရှေးယခင်တည်းကနေ လက်ရှိအချိန်ထိပဲ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေကလည်း မပါမဖြစ် ဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေများတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ အအေးမိနှာစေး ကျန်းမာရေးပြဿနာတွေအတွက် အကောင်းဆုံး အစားအစာတမျိုးဖြစ်ပြီး သွေးတိုးတာ၊ နှလုံးကျန်းမာရေးပြဿနာနဲ့ အယ်လ်ဇိုင်းမားရောဂါတွေကိုပါ ကြိုတင်ကာကွယ်ပေးနိုင်တာကြောင့် အစားစားတဲ့အခါ ကြက်သွန်ဖြူအနည်းငယ်လောက် ထည့်စားပေးသင့်ပါတယ်။
(၂) ဂျင်း
ဂျင်းဟာ အစာမကြေတာနဲ့ ပျို့အန်တာ၊ ရင်ပူရင်ဆာဖြစ်တာတို့လို ကျန်းမာရေးပြဿနာတွေအတွက် အကောင်းဆုံး ဖြစ်ပြီး ဂျင်းကို ရေနွေးနဲ့ရောပြီး ဂျင်းလက်ဖက်ရည်တခွက်ပြုလုပ်ကာ နေ့စဉ်သောက်သုံး ပေးသင့်ပါတယ်။
(၃) သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်ဟာ ကိုယ်တွင်းရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ကိုယ်တွင်း ခုခံအားစနစ်ကို ကောင်းမွန်စေကာ နှလုံးကျန်းမာရေးပြဿနာတွေကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသေးတယ်။ ဘက်တီးရီးယား ပိုးမွှားတွေကိုလည်း သေစေနိုင်တာကြောင့် ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ အရေပြားကျန်းမာရေးပြဿနာတွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။
(၄) ပူစီနံရွက်
ပူစီနံရွက်ဟာဆိုရင်တော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို လျော့ပါးသက်သာစေနိုင်ပြီး ခေါင်းတခြမ်းကိုက်တာ၊ နှာစေးနှာပိတ်တာတွေအတွက် အကောင်းဆုံး သဘာဝဆေးတမျိုးဖြစ်ပါတယ်။
Ref. www.brightside.me
You may also like these stories:
ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာများ
ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါ အနာသက်သာဖို့ ပြုလုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးများ
အစာအိမ် ကျန်းမာရေး ပြဿနာရှိသူတွေ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ