လေထဲတွင် လွင့်မျောနေသည့် ဗိုင်းရပ်စ်ပါဝင်သောအမှုန်များကို ရှူသွင်းခြင်းအားဖြင့် အဆုတ်ရောင်ရောဂါဖြစ်စေသော COVID-19 ကိုရိုနာဗိုင်းရပ် လူများသို့ ကူးစက်ခြင်းခံရနိုင်သည် သို့မဟုတ် လေထုမှတဆင့် ရောဂါကူးစက်နိုင်သည်ဟု တရုတ်နိုင်ငံမှ ကျန်းမာရေးအာဏာပိုင်များက ဝန်ခံခဲ့ကြပြီးဖြစ်သည်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာ နောက်ဆုံးထုတ် လမ်းညွှန်ချက်များက အကယ်၍ သူတို့သည် “အတော်အသင့် ပိတ်လှောင်ထားသည့် ပတ်ဝန်းကျင်ရှိ သိပ်သည်းမှု မြင့်မားသောလေထုထဲတွင် ကာလကြာမြင့်စွာ ရောက်ရှိနေခဲ့ပါက” ရောဂါကူးစက်ခံရနိုင်သည် ဟုပြောသည်။
အဆိုပါ လမ်းညွှန်ချက်သည် တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ပိုးအသစ် ကူးစက်ခံထားရသော လူနာများကို ကုသရေး ဆဌမမြောက် ထုတ်ပြန်ခဲ့သော လမ်းညွှန်ချက်ဖြစ်သည်။ ကူးစက်ပျံ့နှံ့မှု၏ အဓိကလမ်းကြောင်းများမှာ “အသက်ရှူလမ်းကြောင်း စနစ်မှ အမှုန်အစက်များ” နှင့် “အနီးကပ်ထိတွေ့မှု” ဖြစ်သည်ဟု အဆိုပါ လမ်းညွှန်ချက်များက ဆိုသည်။
ယခင်လမ်းညွှန်ချက်များတွင် လေထုမှတဆင့် ကူးစက်မှု ဖြစ်နိုင်ချေကို ရှင်းလင်းစွာ သတ်မှတ်မှု မရှိသေးကြောင်း ပြောကြားထားခဲ့သည်။
လေထုမှတဆင့် ရောဂါကူးစက်မှုက ဆေးကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြုလုပ်စဉ်အတွင်းတွင် ဖြစ်နိုင်ချေရှိသည်ဟု ဆိုသည်။
လေထုမှတဆင့် ကူးစက်မှုဖြစ်နိုင်ခြေကြောင့် ဆေးရုံများတွင် ရောဂါ ကူးစက်မှု ဖြစ်ပွားခြင်းမှ ကာကွယ်ရေး၌ ပိုမို ကြီးမားသော အားထုတ်မှုများ လိုအပ်လာလိမ့်မည် ဖြစ်သည်။
နောက်ဆုံးထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်များတွင် ရောဂါလက္ခဏာများ လျင်မြန်စွာ ပိုမိုဆိုးရွားလာသည့် ပြင်းထန်စွာ ဖျားနာနေသော လူနာများကို ပြန်လည်နာလန်ထူလာသည့် လူနာများထံမှ သွေးရည်ကြည်သွင်း၍ ကုသမှု အကြောင်းကိုလည်း ပထမဆုံးအကြိမ်အဖြစ် ဖော်ပြခဲ့သည်။
The Journal of Hospital Infection ၏အဆိုအရ လူသားထံမှ ကိုရိုနာဗိုင်းရပ်များက ၂ နာရီမှ ၉ ရက် အထိ ကူးစက်မှု ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အပူချိန် ၄ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၃၉.၂ ဒီဂရီဖာရင်ဟိုက်ခန့်တွင် အချို့သော ကိုရိုနာဗိုင်းရပ် အမျိုးအစားများက ၂၈ ရက် ကြာသည်အထိ ဆက်လက်ရှိနေနိုင်သေးသည်။ အပူချိန် ၃၀ မှ ၄၀ ဒီဂရီစင်တီဂရိတ် (၈၆ မှ ၁၀၄ ဒီဂရီဖာရင်ဟိုက်) တွင်မူ ကိုရိုနာဗိုင်းရပ်များ၏ တည်ရှိနိုင်မှုက ပို၍ တိုတောင်းသည်။
အခန်းအပူချိန်တွင် သာမန်အအေးမိခြင်းကို ဖြစ်စေသော HCoV-229E ကိုရိုနာဗိုင်းရပ် က စိုထိုင်းဆ ၃၀ ရာခိုင်နှုန်းထက် စာလျှင် စိုထိုင်းဆ ၅၀ ရာခိုင်နှုန်းတွင် သိသိသာသာ ပို၍ ကြာရှည်ခံသည်။
ကိုးကား။ ။ Xinhua
You may also like these stories:
တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ် တပ်လှန့်နိုးဆော်မှု အနီရောင်အဆင့်သတ်မှတ်