Health

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နောက်ဆုံးအခြေအနေ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ရောဂါတခု ဖြစ်လာပါတယ်။ နိုင်ငံတော်တော် များများမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေပါတယ်။ တရုတ်နိုင်ငံပြင်ပမှာဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်လာနေပါတယ်။

ဒီကနေ့ မနက်ခင်းပိုင်း သတင်းဌာနတွေရဲ့ဖော်ပြချက်အရ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံနေရသူစုစုပေါင်း ၈၉၃ ယောက်ရှိသွားပြီဖြစ်သလို ဂျပန်သင်္ဘောမှာလည်း ရောဂါကူးစက်မှုနှုန်းက ပိုမိုများပြား လာနေတယ်လို့ သိရပါတယ်။ ဒီကနေ့အချိန်ထိတော့ Diamond Princess သင်္ဘောနဲ့လိုက်ပါလာတဲ့ ခရီးသည် ၄ ယောက် သေဆုံးခဲ့ရပါတယ်။

တရုတ်နိုင်ငံအတွင်းမှာဆိုရင်လည်း ရောဂါကူးစက်ခံနေရသူစုစုပေါင်း ၇၇,၆၅၈ ယောက်ရှိနေပြီး လူပေါင်း ၂,၆၆၃ ယောက်သေဆုံးခဲ့ပါပြီ။ ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ခြိမ်း  ခြောက်မှုဒဏ်ကို အကြီးအကျယ် ခံနေရတာကတော့ အီတလီနိုင်ငံပါ။

တောင်ကိုရီးယားနိုင်ငံမှာဆိုရင်တော့ စစ်မှုထမ်း ၁၃ ယောက်ကိုပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနနဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေကို လျှော့ချဖို့စဉ်းစားနေ တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်စစ်သားပေါင်း ၂၈,၀၀၀ ကျော်ရှိနေပါ တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ နီပေါနိုင်ငံသား ၁၀၀၀ လောက် ရှိနေပြီး ကျောင်းတက်နေတဲ့ကျောင်းသားပေါင်း ၁၅၀ နီးပါးလောက် ရှိနေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာရှိနေတဲ့ နီပေါနိုင်ငံသားတွေမှာတော့ ရောဂါကူးစက်မှုမရှိ သေးဘူးလို့ နီပေါသံရုံးက ကြေညာခဲ့ပါတယ်။

Ref: cnn, aljazeera

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading