Health

ကိုရိုနာနဲ့ ပတ်သက်ပြီး ဂျပန်ရောက် မြန်မာများအတွက် မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာ (Covid-19) ဗိုင်းရပ်စ်ကို ဆေးရုံမှာ စနစ်တကျ ကုသမှုခံယူပြီး ဆေးရုံကဆင်းသွားပြီးတဲ့ အမျိုးသမီးတယောက် ရောဂါထပ်မံဖြစ်ပွားနေကြာင်း ဂျပန်အစိုးရက အတည်ပြု ပြောကြားလိုက်ပါ တယ်။ အိုဆာကာမြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ်အမျိုးသမီးတယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း ဇန်နဝါရီ ၂၉ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့ပြီးတဲ့နောက် ဆေးရုံမှာ စနစ်တကျ  ဆေးကုသမှုခံယူခဲ့ပါတယ်။

ရောဂါအခြေအနေ တိုးတက် ကောင်းမွန်လာခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆေးရုံက ဆင်းသွားခဲ့ပြီး ဒုတိယအကြိမ် ထပ်မံ စမ်းသပ်စစ်ဆေးရာမှာတော့ ဗိုင်းရပ်စ် ရှိ နေသေးကြောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ခရီးသွားလမ်းညွှန် လုပ်ဆောင်နေတဲ့ ဒီအမျိုးသမီးဟာ ဂျပန်နိုင်ငံအတွက်တော့ နှစ်ကြိမ်ထပ်မံ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူတယောက် ဖြစ်လာပါတယ်။

အခုဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ ပြည်နယ် ၁၇ ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပါတယ်။ ဒါကြောင့်လည်း ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာနိုင်ငံသံရုံးက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ မူဝါဒဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့တဲ့ ညွှန်ကြားချက်များရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ မူဝါဒမှာ ပါရှိတာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် လူနာအများအပြားရှိတဲ့ ဆေးရုံတွေကို ရှောင်ရှားရန်

– အအေးမိတဲ့ လက္ခဏာရှိနေရင် အိမ်က မထွက်ကြရန်

– ရောဂါထိန်းချုပ်နိုင်ဖို့ ဆေးရုံကို သွားရောက်ခြင်းက ရှောင်ကြဉ်ရန်နဲ့ လိုအပ်ရင် တယ်လီဖုန်းနဲ့ပဲ ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်နဲ့ ဆေးဝါးညွှန်ကြားချက် တောင်းခံရန်

– အသက်အရွယ် ကြီးရင့်သူတွေနဲ့ ထိခိုက်လွယ်သူတွေကို အထူးကာကွယ် စောင့်ရှောက်မှုပေးရန် ၊ လူစုလူဝေး စုဝေးရာနေရာတွေကို ရှောင်ကြဉ်ရန်

– နှာခေါင်းစည်း တပ်ဆင်ရန် ၊ လက်တွေကို မကြာခဏ သန့်စင်ဆေးကြောပေးရန် ၊ နှာချေရင် ပါးစပ် ကိုဖုံးအုပ်ထားရန်

-လူစူလူဝေးနဲ့ စကားပြောဆိုခြင်းကို ရှောင်ကြဉ်ရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဆက်လက်ပြီး သံရုံးကြေညာချက်ထဲမှာ ပါရှိတာကတော့ ဂျပန်အစိုးရအနေနဲ့ လူစုလူဝေး ဖြစ်ပေါ်စေ မယ့် တွေ့ဆုံပွဲတွေ ၊ အစည်းအဝေးတွေကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာထားတာမျိုး မရှိသေးမယ့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ တွေ့ရှိနေရတဲ့ဒေသတွေမှာ လူအများစုစည်းမှုတွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာသံရုံးအနေနဲ့လည်း ဝန်ထမ်းတွေအနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်နိုင်စေဖို့ အစီအစဉ် ချမှတ်ပေးဖို့၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း သွားလာသူ အရေအတွက် လျော့နည်းသွားအောင် အလုပ်စတင်ချိန်နဲ့ အလုပ်ဆင်းချိန်တွေကို ညှိနှိုင်းပြင်ဆင်မှုတွေ ပြုလုပ်ပေးသွားဖို့၊  နေထိုင်မကောင်းဖြစ်လာတဲ့အခါ လုပ်ငန်းခွင် မဆင်းဘဲ ဆေးခွင့်ယူကြဖို့ ဂျပန် အစိုးရကို တိုက်တွန်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

တိုကျိုအစိုးရအနေနဲ့လည်း ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ကနေ မတ်လ ၁၅ ရက်အထိ Indoor/ Outdoor အခမ်းအနားတွေ၊ လူထုစုဝေးပွဲတွေ၊ အစားအစာကျွေးမွေးတဲ့ အစီအစဉ်တွေကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းပေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်/ ဒေသန္တရအုပ် ချုပ်ရေးမှူးရုံးတွေက ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို အလေးထား လိုက်နာကြဖို့နဲ့ ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေကို လိုက်နာဖို့ ၊ ကျန်းမာရေးဆိုင်ရာ အကြောင်းကိစ္စ တစုံတရာပေါ်ပေါက်လာခဲ့ရင် မြန်မာသံရုံးကိုဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။

Ref: theguardian, Embassy of Republic of tne Union of Myanmar,Tokyo

You may also like these stories:

သတိမထားမိဘဲ ပြုလုပ်မိတတ်တဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့် အမှားများ

အီရန်နိုင်ငံမှာ ကျန်းမာရေး ဒုဝန်ကြီးကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်

Did you find apk for android? You can find new Free Android Games and apps.
Loading