တခါတရံမှာ ရေခဲတုံးကို ဝါးစားချင်တာမျိုး၊ ဒါမှမဟုတ် ဆားငန်တဲ့ ဟင်းတွေကို စားချင်တာမျိုးဟာ ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ် လိုအပ်တာကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခန္ဓာကိုယ်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ချို့တဲ့မှုတွေ ရှိတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အရေပြားများ ထူသလို ဖြစ်ခြင်း
အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကို ဘယ်တော့မှာ လျော့တွက်ပြီး မနေသင့်ပါဘူး။ သင့်ရဲ့ အရေပြားထူသလို ခံစားရတာ ဒါမှမဟုတ် ယားယံတာဟာ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ကြီးမားတဲ့ ချို့ယွင်းမှုတခုခု ရှိနေတာကြောင့် ဖြစ်ပါတယ်။
(၂) ဒေါသကြီးခြင်း
အဆင်မပြေတဲ့ ကိစ္စလေး အနည်းငယ်လောက်သာရှိပေမယ့် ဒေါသအရမ်းထွက်နေပြီဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်နေတာ သေချာပါတယ်။ ဒေါသကြီးတာဟာ စိတ်ကျရောဂါနဲ့ သက်ဆိုင်နေတဲ့ လက္ခဏာတခု ဖြစ်ပါတယ်။ စိတ်ကျရောဂါဖြစ်ခြင်းကြောင့် ဝမ်းနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်တတ်သလို ဒေါသကြီးပြီး ကြမ်းတမ်းတာတွေလည်း ဖြစ်တတ်ပါတယ်။
(၃) အလွန် အိပ်ခြင်း
အလွန်အကျွံ အိပ်တဲ့ ရောဂါကို Hypersomnia လို့ ခေါ်ပါတယ်။ ဒီရောဂါကို ခံစားနေရတဲ့သူတွေဟာ ပင်ပန်းစရာအလုပ်မျိုး မလုပ်ထားရင်တောင်မှ နေရာတိုင်းမှာ အိပ်ချင်တဲ့ ခံစားမှုမျိုးကို ခံစားနေရတာဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ အရက်ပါတဲ့ ဖျော်ရည်တွေကို သောက်ခြင်းအားဖြင့်လည်း အဲဒီလို ရောဂါတွေကို ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
(၄) ရေအလွန်အကျွံ ငတ်ခြင်း
ရေအချိန်တိုင်း ငတ်နေတာဟာ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အရမ်းကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ များသောအားဖြင့်တော့ ရေငတ်တာဟာ သင်စားလိုက်တဲ့ အစားအသောက်တွေနဲ့ သက်ဆိုင်ပေမယ့် သာမန်ထက်ပိုပြီး ရေငတ်နေရင်တော့ ဆီးချို ဒါမှမဟုတ် ကိုယ်ဝန်ရှိနေတာမျိုးတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။
Ref. Brightside
You may also like these stories:
တနေ့ကို ရေ ၈ခွက်သောက်ရင် ရလာမယ့် အကျိုးကျေးဇူးများ
သရေစာ (သို့မဟုတ်) အရံဟင်းအနေနဲ့ စားသုံးနိုင်တဲ့ ပဲငံပြာရည်စိမ် ကြက်ဥ လုပ်နည်