အရှေ့တောင်အာရှနိုင်ငံအချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ သွားမှာ ပညာရှင်များ စိုးရိမ်နေ
တရုတ်နိုင်ငံတွင်းမှာ စတင် ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ဟာ အိမ်နီးချင်းအရှေ့တောင်အာရှနို
လက်ရှိအခြေအနေမှာတော့ အဓိက ကူးစက် ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာထက် ပြင်ပနေရာတွေမှာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်နေပြီး ကမ္ဘာ့နေရာအနှံ့ကို ကူးစက်လာတာကြောင့် ကပ်ရောဂါအသွင်ပြောင်းလဲသွားမှာ
အထူးသဖြင့် တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ကူးလူးဆက်ဆံမှုတွေ ရှိနေသလို၊ အဓိကကူးစက် ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့နဲ့လည်း လေကြောင်းပျံသန်းမှုတွေ ရှိခဲ့တဲ့ လာအိုနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ လက်ရှိချိန်ထိ ကူးစက်ခံရသူ မရှိသေးတာဟာ ထူးခြားနေသလို၊ တခြား အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့
“ကူးစက်မှုနှုန်းက တုပ်ကွေးရောဂါလိုပါပဲ။ ဖြစ်ပြီဆိုရင် မြန်မြန်ဆန်ဆန် ကူးစက်ကုန်မှာပါ။ အဲ့လိုအခြေအနေ ဖြစ်သွားရင် ထိန်းချုပ်ဖို့ ခက်ခဲသွားပြီ” လို့ ဘန်ကောက်အခြေစိုက် ပြည်သူ့ကျန်းမာရေးဆိုင်ရာပါမော
ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေ ရှိတာကြောင့် ဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင်က တရုတ်နိုင်ငံ၊ ဝူဟန်ကို တပတ် ၆ ရက်နှုန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းကို ခေတ္တရပ်နားထားတာကလွဲလို့ တခြားမြို့တွေကို ပြေးဆွဲနေတဲ့လေကြောင်းသွားလာမှု
ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယာအရေးကျွမ်းကျင်သူ Sophal Ear က “သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် ပေးဆပ်မှုက ကမ္ဘောဒီးယားပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေတာပါ။ ကမ္ဘောဒီးယားနိုင်ငံဟာ ရောဂါစောင့်ကြည့်ရေး၊ ကျန်းမာရေးစောင့်ရှောက်နိုင်မှု
ဖေဖော်ဝါရီလအစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လေ့လာချက်တွေမှာ ကမ္ဘောဒီးယားလို နိုင်ငံမှာ ကူးစက်မှု မရှိသေးပေမယ့် ကမ္ဘာ့ပေါ်မှာ စတုတ္ထ လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ ကူစက်ခံ လူနာ တယောက်မှ မရှိတာဟာ သံသယဖြစ်စရာ ဖြစ်သလို ဝူဟန်မြို့နဲ့ တိုက်ရိုက်လေကြောင်းလိုင်းတွေရှိ
နှစ်စဉ် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၂ သန်းကျော်ဟာ အင်ဒိုနီးရှားနိုင်ငံက ဘာလီကမ်းခြေကို လာရောက် လည်ပတ်ကြပြီး အဲ့ထဲကမှ လူ ၂၀၀ လောက်ဟာ ဝူဟန်မြို့နေသူတွေ ဖြစ်ပါတယ်။
“သံသယဖြစ်စရာ အခြေအနေတွေကတော့ ကျိန်းသေရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ သေချာရှာမတွေ့သေးပါဘူး။ ကျနော်တို့ရဲ့ ရောဂါ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေက အရမ်းကို ပေါ့လျော့လွန်းပါတယ်”လို့ ဒေါက်တာ Putri Sundawa က ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံလိုပဲ မိုင်ပေါင်း ၁,၄၀၀ ကျော်လောက် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ ကူးစက်ခံလူနာ မရှိသေးပါဘူး။ လှူဒါန်းထားတဲ့ ရောဂါရှာဖွေရေးစက်တွေ ဖေဖော်ဝါရီ ၂၀ ရက်ထဲက ရောက်ရှိနေပေမယ့် အခုချိန်ထိ Positive လူနာ မတွေ့ရသေးပါဘူး။ အရင်က ရောဂါစစ်ဆေးဖို့အတွက် ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်ကို တပတ်ကြာ ပေးပို့စစ်ဆေးခဲ့ရပါတယ်။
“ကျနော်တို့ အစိုးရိမ်ဆုံး ကိစ္စကတော့ ကျန်းမာရေးစနစ် အားနည်းတဲ့ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့သွားမှာကိုပါပဲ” လို့ WHO ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus က ဖေဖော်ဝါရီလ အစောပိုင်းက ပြောခဲ့ဖူးပါတယ်။
ယူကေရဲ့ အမျိုးသားကျန်းမာရေးစောင့်ရှော
“ကိုရိုနာဗိုင်းရပ်စ် တကမ္ဘာလုံး ပျံ့နှံ့လာမှာကို တားဆီးကာကွယ်တဲ့အနေနဲ့ ခရီးသွားလာမှုတွေကို ပိတ်ပင်ထားသင့်ပြီး ကူးစက်ရောဂါ လေ့လာစောင့်ကြည့်ရေး အစီအစဉ်တွေကို အထူးဂရုစိုက် လုပ်ဆောင်သင့်ပါတယ်။ တကယ်လို့ ကပ်ရောဂါအသွင် ဖြစ်လာခဲ့ရင်လည်း တကမ္ဘာလုံးအတူ ပူးပေါင်းလက်တွဲ ဖြေရှင်းသင့်တယ်” လို့ ဂျော့ဝါရှင်တန်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနက ရောဂါပိုးမွှားဗေဒပညာရှင် Christopher Mores က ဆိုပါတယ်။
Ref: TIME
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ပြသတဲ့ ရောဂါလက္ခဏာများ
အီတလီနိုင်ငံ၊ မြို့ပေါင်း ၁၁ မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ ဖြစ်ပွားနေ
မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အရာရှိတဦး ပစ်သတ်ခံရ