Health

အစာမကြေဖြစ်ခြင်းကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းများ

ဗိုက်ဆာနေချိန်မှာ အစားတွေ များများစားစား စားမိလိုက်တဲ့အခါမျိုးမှာ ဖြစ်ဖြစ်၊ ပုံမှန် အစားစားချိန် ကျော်လွန်ပြီးမှ စားဖြစ်တဲ့အခါမျိုးမှာဖြစ်ဖြစ် အစာမကြေ ရင်ပြည့်ရင်ကယ်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ အစာမကြေဖြစ်တဲ့အခါ နေရထိုင်ရတာလည်း သက်သောင့်သက်သာမဖြစ်သလို အလုပ်လုပ်တဲ့အခါမှာလည်း အာရုံမရတာမျိုးတွေ ဖြစ်တတ်တာကြောင့် မြန်မြန်ဆန်ဆန် သက်သာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) လမ်းနည်းနည်း လျှောက်လိုက်ပါ

အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တဲ့အခါ ငြိမ်ငြိမ်လေး ထိုင်နေတာထက်စာရင် အနီးအနားတဝိုက်ကို ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ပေးခြင်းက အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်သလို အစာမကြေဖြစ်ခြင်းကနေလည်း အမြန်ဆုံးသက်သာစေနိုင်မှာ အမှန်ပါ။

(၂) လက်ဖက်စိမ်း ရေနွေးကြမ်းသောက်ပါ

အစားစားပြီးတိုင်း လက်ဖက်စိမ်းရေနွေးကြမ်း (Green tea) သောက်သုံးပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေနိုင်သလို အစားစားပြီးချိန် လေးလံအိပ်ငိုက်ခြင်းကနေလည်း လျော့ပါးစေနိုင်ပါတယ်။ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်သလို ခံစားရတဲ့အခါ Green tea ပူပူနွေးနွေးလေး တခွက်သောက်လိုက်ခြင်းက သက်သာစေနိုင်ပါတယ်။

(၃) ဂျင်းအနည်းငယ် စားသုံးပါ

ဂျင်းဟာ အစာခြေစနစ်အတွက်ရော အစာအိမ်ကျန်းမာရေးပြဿနာတွေကိုပါ သက်သာစေနိုင်တဲ့ သဘာဝဆေးနည်းတမျိုး ဖြစ်ပါတယ်။ အစာမကြေသလို ခံစားရတဲ့အခါ ဂျင်းအနည်းငယ်ကို ရေနွေးအဖြူနဲ့ ရောစပ်ပြီး သောက်သုံးပေးနိုင်သလို ဂျင်းအနည်းငယ်ကို ဝါးစားပေးခြင်းက အမြန်ဆုံး သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

Ref. www.womenweekly.com

You may also like these stories:

စာမေးပွဲကာလအတွင်းမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ

ဆေးပညာရှင်တွေ ပြောတဲ့ ကမ်းခြေသွားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ

Loading