ဗီတာမင်အေ ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အသားအရေနဲ့ မျိုးပွားစနစ်အတွက် အရေးကြီးတဲ့ ဓာတ်တမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဗီတာမင်အေ ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အသားအရေ ခြောက်သွေ့ခြင်း
ဗီတာမင်အေဓာတ် ချို့တဲ့တဲ့အခါ အသားအရေဟာ ခြောက်သွေ့ ယားယံတာ၊ နီမြန်းရောင်ရမ်းတာနဲ့ အရေပြား ဓာတ်မတည့်တာမျိုးတွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ ဗီတာမင်အေဓာတ်ဟာ အရေပြားရဲ့ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ရာမှာ အဓိကအရေးပါတဲ့ ဓာတ်တမျိုးဖြစ်တာကြောင့် ဗီတာမင်အေ ချို့တဲ့တဲ့အခါ အရေပြား ပြဿနာတွေ ဖြစ်ပေါ်လာတတ်တာ ဖြစ်ပါတယ်။
(၂) အမြင်အာရုံ အားနည်းလာခြင်း
ဗီတာမင်အေဓာတ် ချို့တဲ့တဲ့အခါ နောက်ထပ် သိသာတဲ့ လက္ခဏာတခုကတော့ အမြင်အာရုံ အားနည်းတာ၊ ညဘက်တွေမှာ အနီးအနားကိုတောင် သဲကွဲစွာ မမြင်ရတာနဲ့ မျက်စိကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်တာ စတာတို့ပဲ ဖြစ်ပါတယ်။
(၃) ဝက်ခြံများ မကြာခဏ ထွက်ခြင်း
အသားအရေကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေပေမယ့် မျက်နှာ အသားအရေ အပါအဝင် နောက်ကျောဘက် ကျောကုန်းတွေနဲ့ ခန္ဓာကိုယ် အရေပြားအနှံအပြားမှာ ဝက်ခြံတွေ မကြာခဏဆိုသလို ထွက်ပေါ်တာဟာဆိုရင်လည်း ဗီတာမင်အေ ချို့တဲ့တဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။
(၄) မျိုးပွားမှုစနစ် အနှောင့်အယှက်ဖြစ်ခြင်း
ဗီတာမင်အေ ချို့တဲ့တဲ့အခါ နောက်ထပ် လက္ခဏာတခုကတော့ မျိုးပွားမှုစနစ်မှာ အနှောင့်အယှက်ဖြစ်စေပြီး ကိုယ်ဝန် မရနိုင်တာ၊ မွေးဖွားတဲ့အခါ အခက်အခဲဖြစ်တာ စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref. www.healthline.com
You may also like these stories:
အစာမကြေဖြစ်ခြင်းကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းများ
ကျန်းမာရေး ချို့တဲ့နေကြောင်း ပြသနေတဲ့ လက္ခဏာများ
အရှေ့တောင်အာရှနိုင်ငံအချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ သွားမှာ ပညာရှင်များ စိုးရိမ်နေ