ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတဝှမ်းနီးပါး ကူးစက်ခဲ့ပါတယ်။ အခုချိန်မှာတော့ လူပေါင်း ၉၆,၀၀၀ ကျော် ရောဂါကူးစက်ခံနေရပြီး ၅၃,၀၀၀ နီးပါး ကျန်းမာရေး အခြေအနေ ပြန်ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ ကျန်းမာရေး ပြန်ကောင်းလာသူ အရေအတွက် ပိုမိုများပြားလာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့နိုင်ငံပေါင်း ၈၀ ကျော် ရှိခဲ့ပါပြီ။ အီရန်နိုင်ငံမှာ ရောဂါကူးစက်ခံနေ သူ စုစုပေါင်း ၂၉၀၀ ကျော်ရှိနေပြီး ၅၅၂ ယောက် ကျန်းမာရေး ပြန်ကောင်းမွန်လာခဲ့သလို တောင်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၈၈ ယောက် ကျန်းမာရေး ပြန်ကောင်းလာခဲ့ပါတယ်။
ဥရောပနိုင်ငံတွေထဲမှာဆိုရင် အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး လူပေါင်း ၃၀၀ ကျန်းမာရေး ပြန်ကောင်းလာတယ်လို့ သိရပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ထက်ဝက်နီးပါး ကျန်းမာရေး ပြန်ကောင်းလာကြတာ သတင်းကောင်းတခုပါ။ နောက်ပိုင်းအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို လုံးဝ ပျောက်ကင်းသွားအောင် ကုသနိုင်ဖို့ မျှော်လင့်ရပါတယ်။
တရုတ်၊ အီရန်၊ အီတလီ၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက် များပြီး ပြန်ကောင်းလာတဲ့ အရေအတွက်လည်း ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံမှာလည်း အနည်းဆုံး လူပေါင်း ၁၅ ယောက် ရောဂါ လုံးဝ ပျောက်ကင်းခဲ့ပါတယ်။ Johns Hopkins သိပ္ပံနဲ့ အင်ဂျင်နီယာဌာနကလည်း ကမ္ဘာတဝှမ်း ရောဂါကူးစက်ခံနေတဲ့ လူထက်ဝက်လောက် ကျန်းမာရေး ပြန်ကောင်းလာခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ကူးစက်ရောဂါဆိုင်ရာဌာနက ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ Anthony Fauci ကလည်း အသက်ငယ်ရွယ်သူတွေဟာ ကျန်းမာရေး ပြန်လည် ကောင်းမွန်တဲ့ အလားအလာ ပိုမိုများပြားကြောင်း ပြီးခဲ့တဲ့စနေနေ့က ပြောကြားခဲ့ပါတယ်။
Ref: NYPost, NBC News
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ရောဂါဆန်း
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအမှား ဖြန့်ဝေသူတွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး