ရာသီဥတုအပူရှိန်က တဖြည်းဖြည်းနဲ့ မြင့်တက်လာတာကြောင့် လူတော်တော်များများက ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်လွယ်တာ စတာတွေကို ခံစားရတတ်ကြပါတယ်။ ရာသီဥတုအပူဒဏ်ကြောင့် ချွေးအလွန်အကျွံထွက်ပြီး ခန္ဓာကိုယ်ဟာ ရေဓာတ်ခမ်းခြောက်လာတာမျိုး ဖြစ်တဲ့အတွက် အခုလို နွေနေပူပူမှာ ကိုယ်တွင်းရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ကဖင်းဓာတ်အများအပြား သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ
ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီနဲ့ အချိုရည်စတာတွေဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်မှုကို ပိုမိုဖြစ်ပေါ်စေပြီး ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာမျိုးတို့ကို ဖြစ်ပေါ်စေတာကြောင့် ကော်ဖီအလွန်အကျွံသောက်သုံးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၂) ပူပူစပ်စပ်အစားအစာတွေ စားသောက်တာမျိုးကို ရှောင်ကြဉ်ပါ
ပူပူစပ်စပ် အစားအစာတွေ စားသံုးတဲ့အခါ ခန္ဓာကိုယ်က ချွေးအလွန်အကျွံထွက်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပူပူစပ်စပ် အစားအစာတွေကို နွေရာသီကာလမှာ မကြာခဏဆိုသလို စားသောက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၃) နေ့လယ်နေ့ခင်းတွေမှာ အားကစားအပြင်းအထန် လုပ်တာမျိုးတွေကို ရှောင်ကြဉ်ပါ
နေ့လယ်နေ့ခင်း အပူပြင်းဆုံးအချိန်တွေမှာ ချွေးအလွန်အကျွံထွက်စေတဲ့ အားကစားအပြင်းအထန်လုပ်တာမျိုးတွေ၊ ထီး၊ ဦးထုပ်၊ အမိုးအကာ တခုခု မပါဘဲ အပြင်ထွက်တာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) ရေများများသောက်ပါ
အခုလိုပူပြင်းတဲ့ နွေရာသီကာလမှာ ခန္ဓာကိုယ်အတွက် အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နည်းကတော့ရေများများသောက်တာနဲ့ အရည်ရွှမ်း တဲ့အသီးအနှံတွေ များများစားတာပဲ ဖြစ်ပါတယ်။ အိပ်ရာနိုးနိုးချင်း ရေတဖန်ခွက်အပြည့်သောက်သုံးပေးတာ၊ ရေအေးအေးလေးနဲ့ ရေချိုးပေးတာ စတာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။
Ref. www.healthline.com
You may also like these stories:
ဆေးလိပ်သောက်သုံးသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေများ
ဗီတာမင်အေ ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာများ
အစာမကြေဖြစ်ခြင်းကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းများ