အခုလိုပူပြင်းတဲ့ နွေရာသီကာလမှာ ချွေးထွက်များတာဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုဆိုပေမယ့် သာမန်ထက်ပိုပြီး ချွေးထွက်များတာကတော့ ခန္ဓာကိုယ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခြားသောအကြောင်းအရာ တခုခု ရှိနေလို့ပဲ ဖြစ်ပါတယ်။ သင်ဟာ ဘယ်ရာသီဥတုမျိုးမှာမဆို သာမန်ထက်ပိုပြီး ချွေးထွက်များနေတတ်တယ်ဆိုရင်တော့အခုဖော်ပြပေးမယ့် အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။
(၁) စွဲသောက်နေရတဲ့ ဆေးဝါးတွေ
ရေရှည်စွဲမြဲသောက်နေရတဲ့ ဆေးဝါးတွေကလည်း ခန္ဓာကိုယ်ချွေးထွက်များမှုကို ဖြစ်ပေါ်စေပြီး ဟော်မုန်းနဲ့ပတ်သက်တဲ့ ဆေးဝါးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ ပဋိဇီဝဆေးတွေကလည်း သာမန်ထက်ပိုပြီး ချွေးထွက်များခြင်းကို ဖြစ်ပေါ်စေပါတယ်။
(၂) အပူအစပ်တွေ အစားများတာ
ပူပူစပ်စပ် အစားအစာကြိုက်သူတွေနဲ့ ကော်ဖီအလွန်အကျွံသောက်တတ်သူတွေဟာ တခြားသူတွေထက်ပိုပြီး ချွေးထွက်များတတ်ပါတယ်။ ကဖင်းဓာတ်နဲ့ ပူပူစပ်စပ် အစားအစာတွေမှာ ပါဝင်တဲ့ Capsaicin ဓာတ်ဟာ ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေပြီး ချွေးအလွန်အကျွံထွက်ပေါ်ခြင်းကို ဖြစ်ပေါ်စေတာပါ။
(၃) နှလုံးကျန်းမာရေးပြဿနာရှိတာ
နှလုံးကျန်းမာရေးပြဿနာရှိတာနဲ့ Heart Attack ဖြစ်ပေါ်နိုင်ခြေများတဲ့ ရှေ့ပြေးလက္ခဏာတွေထဲမှာ ချွေးထွက်များတာဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ရင်ဘတ်အောင့်တာ၊ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းတဝိုက်နာကျင်တာနဲ့ ချွေးထွက်များတာတွေဟာ Heart Attack ရဲ့ ရှေ့ပြေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။
(၄) ဟော်မုန်းမညီမျှတာ
ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့ ကာလတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာတဲ့အချိန်တွေမှာဆိုရင်လည်း သာမန်ထက်ပိုပြီး ချွေးပိုထွက်တတ်ပြီး Estrogen နဲ့ Progesterone ဟော်မုန်းမညီမျှချိန်တွေမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။
Ref. www.brightside.me
You may also like these stories:
ကျန်းမာရေး ချို့တဲ့နေကြောင်း ပြသနေတဲ့ လက္ခဏာများ
ဆေးပညာရှင်တွေ ပြောတဲ့ ကမ်းခြေသွားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ
နွေရာသီမှာ ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ