ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကို ကူးစက်ရောဂါတမျိုးအဖြစ် တရားဝင် ကြေညာခဲ့ပြီးနောက် တကမ္ဘာလုံးမှာ ဖြစ်ပွားမှုတွေ တိုးပွားလာခဲ့ပါတယ်။ သင့်ကို ရောဂါ ကူးစက်ခြင်း အန္တရာယ်ကနေ လျော့ချနိုင်ဖို့အတွက် သိထားသင့်တဲ့ အချက်တွေကို အခုလိုပဲ မျှဝေပေးလိုက်ပါတယ်။
(၁) နေမကောင်းဖြစ်နေရင် အိမ်မှာနေပါအနည်းငယ်
ဖျားနာတာမျိုးဆိုရင်တောင် ဂရုတစိုက် စောင့်ကြည့်ပါ။ တခြားသူတွေ မကူးစက်နိုင်အောင် အသိပေးပါ။ လူစုလူဝေးကို ရှောင်ကြဉ်ပြီး အိမ်မှာ သီးသန့် နေထိုင်ပါ။
(၂) လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပါ
ဒါက အရေးကြီးဆုံး အချက်ပါ။ တခုခု ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျ သေချာစွာ ဆေးကြောရပါမယ်။ Sexy ကျဖို့ လက်ဆေးတာ မဟုတ်ပါဘူး။ မကြာခဏ လက်ဆေးခြင်းက သင့်ကို ရောဂါကူးစက်ခြင်းကနေ တကယ် ကာကွယ်ပေးနိုင်ပါတယ်။
(၃) ကလေးငယ်များရှိလျှင် သူတို့နဲ့အတူ အေးဆေး တည်ငြိမ်စွာနေပါ
သတင်းကောင်းတခုကတော့ ကလေးငယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု အလွန် နည်းပါးပါတယ်။ ကလေးတွေကို တုပ်ကွေးကာကွယ်ဆေး မဖြစ်မနေ ထိုးပေးပါ။ ကာကွယ်ဆေး ထိုးထားခြင်းက ဘက်တီးရီးယား အဆုတ်ရောင်ရောဂါမှ ကာအကွယ်ပေးရန်အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေ ထိုးပါ။
ဒါ့အပြင် ပုံမှန် တုပ်ကွေးရာသီများမှာလည်း အလားတူ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါ။ မကြာခဏ လက်ဆေးခြင်းကို အားပေးပါ။ ဖျားနာနေသူနဲ့ တုပ်ကွေးရောဂါ ကူးစက်ခံရသူများထံမှ ဝေးဝေးရှောင်ကြဉ်ပါ။
(၄) သတင်းများကို အစဉ်မပျက် နားထောင်ပါ
သတိထားရမှာက တိကျ မှန်ကန်မှုကို သိရှိတဲ့ သတင်းတွေဖြစ်ဖို့ လိုပါတယ်။ ကိုယ်ဖတ်တဲ့ သတင်းစာမျက်နှာကို ကြည့်လိုက်မယ်ဆိုရင် အပြာရောင် အမှန်ခြစ် (Blue Mark) ရထားတာမျိုးဆို ပိုတိကျနိုင်ပါတယ်။ စစ်မှန်တဲ့ သတင်းတွေကသာ သင့်မိသားစုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလ သတင်းအမှားတွေကို မဖြန့်ဝေမိဖို့၊ မယုံကြည်ဖို့လည်း အရေးကြီးပါတယ်။
(၄) နှာခေါင်းစည်းတွေကို မစုဆောင်းထားပါနဲ့
ဆေးရုံသုံး နှာခေါင်းစည်း (Surgical Mask) တွေက ကိုရိုနာဗိုင်းရပ်စ်ရဲ့အမှတ်အသား ဖြစ်လာပြီး သိုလှောင်ထားခြင်းက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုပြီး ဖြစ်စေပါတယ်။
ပထမအချက်အနေနဲ့ ဆေးရုံသုံး နှာခေါင်းစည်းတွေက ဗိုင်းရပ်စ် ရှူရှိုက်မိခြင်းကို ကာကွယ်မပေးနိုင်ပါဘူး။ N95 လို့ခေါ်တဲ့ နှာခေါင်းစည်းတွေကသာ အမှုန်များရဲ့ ၉၅ ရာခိုင်နှုန်းကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် နှာခေါင်းစည်း ဝယ်ချင်တယ်ဆိုရင် N95 နှာခေါင်းစည်းတွေကသာ အထိရောက်ဆုံး ဖြစ်ပါတယ်။
ဆေးရုံသုံး နှာခေါင်းစည်းတွေဟာ ရောဂါကူးစက်ပြီးသား လူတွေအတွက်တော့ လေထုကတဆင့် ဗိုင်းရပ်စ် ပျံ့နှံ့မှုနည်းအောင် ကူညီနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုး ကူးစက်သူများအတွက် မျက်နှာဖုံး (Mask) များကို ဦးစားပေးရန် လိုအပ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီးသူက လွဲလို့ သာမန်လူတွေကို ဆေးရုံသုံး နှာခေါင်းစီးတွေက သိပ်ပြီးအကူညီပေးမှာ မဟုတ်ပါဘူး။
ဒုတိယအချက်အနေနဲ့ နှာခေါင်းစည်းတွေကို စုဆောင်းခြင်းဟာ ဈေးကွက်မှာ ပစ္စည်း ပြတ်လတ်ပြီး တကယ် လိုအပ်နေတဲ့ သူနာပြုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေအတွက် မျက်နှာဖုံး မလုံလောက်တဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။
(၅) စားသောက်ကုန်၊ ဆေးဝါးနဲ့ အရင်းအမြစ်များကို သိုလှောင်ထားပါ
ဘယ်အခြေအနေမှာမဆို စားသောက်နိုင်တဲ့ စားသောက်ကုန်များ၊ အိမ်သုံးပစ္စည်းများနဲ့ လိုအပ်တဲ့ဆေးဝါးတွေကို ရက် ၃၀ စာ သိုလှောင်ထားခြင်းက သင်နဲ့ သင့်မိသားစုအတွက် စိတ်ချရပါတယ်။
Ref: www.nytimes.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ သန်းနဲ့ချီ အရှုံးပေါ်
ကိုရိုနာနဲ့ ပတ်သက်ပြီး အလွန်အမင်း မစိုးရိမ်ကြဖို့ ရောဂါ သက်သာလာတဲ့ အမျိုးသမီး ပြော
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားများ