Covid-19 သည် အမျိုးသားများ၏ မျိုးပွားကျန်းမာရေးကို သဘောတရာအရ ထိခိုက်စေနိုင်ကြောင်း ဟူဘေးပြည်နယ်အစိုးရ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြပြီး နာရီပိုင်းအကြာတွင် ပြန်ဖြုတ်ချလိုက်ည့် ဆောင်းပါးတပုဒ်အရ သိရသည်။
Covid-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသော အမျိုးသားများသည် ၎င်းတို့၏ မျိုးပွားမှု ကျန်းမာရေးကို ထိခိုက်ခြင်း ရှိမရှိနှင့်ပတ်သက်ပြီး ဆေးပညာရှင်များနှင့် တိုင်ပင်သင့်ကြောင်း ထိုဆောင်းပါးက ဖေါ်ပြသည်။ ထိုဆောင်းပါးကို ပြည်နယ်မြို့တော် ဝူဟန်ရှိ တုန်ဂျီ ဆေးရုံမှ မျိုးဆက်ပွား ကျန်းမာရေးဌာနမှ အဖွဲ့တဖွဲ့ ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုရောဂါသည် အမျိုးသားများ၏ မျိုးဆက်ပွားကျန်းမာရေးထိုခိုက်စေနိုင်ကြောင်းအထောက်အထားမရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်သည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ (Sars) ဖြစ်ပွာစေသည့် ဗိုင်းရပ်စ်နှင့် မျိုးဗီဇတူသောကြောင့် သဘောတရားအရ ထိခိုက်နိုင်သည်ဟု ထိုဆောင်းပါးကဖေါ်ပြသည်။
ထိုရောဂါကူးစက်ခံရခြင်းကြောင့် မျိုးအိမ်အတွင်းမှ immune homeostasis များကို ထိခိုက်စေပြီး မျိုးအိမ် ရောင်ရမ်းစေကာ အပြန်အလှန်အားဖြင့် သုတ်ပိုးအရေအတွက် လျှော့နည်းစေကာ မျိုးမအောင်ခြင်း ဖြစ်စေသည်ဟု ဆိုသည်။
Covid-19 နှင့် Sars နှစ်မျိုးလုံးသည် မျိုးအိမ်များနှင့် ကျောက်ကပ်နှင့်နှလုံးကဲ့သို့သော အစိတ်အပိုင်းများတွင် အများအပြားရှိသော Ace2 အင်ဇိုင်းနဲ့ပေါင်းစပ်ကာ ဆဲလ်များအတွင်း ကျူးကျော်ဝင်ရောက်ကြသည်။
ထိုကြောင့် ရောဂါကူးစက်ခံရသော အမျိုးသားများအနေဖြင့် တတ်နိုင်သမျှ အစောဆုံး ရှာဖွေကုသရန် ဆေးပညာရှင်များနှင့်တိုင်ပင်ကြောင်း ထိုဆောင်းပါးက ဖေါ်ပြသည်။
ထိုဆောင်းပါးကို မည်သည့်အတွက် ပြန်လည်ဖြုတ်ချသည်ကို ပြောဆိုရန် ဟူဘေးအစိုးရက ပြောကြားခြင်းမရှိပေ။ သို့သော်ပြန်မဖြုတ်ချမီမှပါပင် ထိုဆောင်းပါးကို တရုတ်လူမှု ကွန်ရက်တွင် အကြီးအကျယ် ဖြန့်ဝေကြသည်။
ဗိုင်းရပ်ပိုးကူးစက်မှုကြောင့် အမျိုးသားများ မျိုးဆက်ပွားစနစ်က ထိခိုက်သည်ကို မကြာခဏတွေ့ရကြောင်း ရှန်ဟိုင်းရှိ ရွယ်ယောင် အနောက်တိုင်းနှင့် တိုင်းရင်းဆေးပေါင်းစပ်ဆေးရုံမှ အမျိုးသားမျိုးဆက်ပွား ပညာရှင် ချီကွောင်ချုံပြောသည်။
“အသည်းရောင်ဘီနဲ့ ဆုံစို့နာအပါအဝင် ဗိုင်းရပ်တော်တော်များများက အမျိုးသားမျိုးဆက်ပွားကျန်းမာရေးကို ထိခိုက်စေတယ်။ ဆုံစို့နာဖြစ်တဲ့ လူနာတွေရဲ့ သုံးပုံတပုံမှာ မျိုးဥအိမ်ရောင်ခြင်းကို ဖြစ်စေပြီး တခါအတရံသေးတောင်သေးငယ်သွားစေပြီး မျိုးမအောင်ခြင်းကို ဖြစ်စေတယ်” ဟု သူပြောသည်။
“လွန်ခဲ့တဲ့နှစ်တွေအတွင်း Sars ရောဂါကြောင့် မျိုးမအောင်သူ အနည်းငယ်တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလောက်အရေအတွက်လေးနဲ့ ဒီလိုကောက်ချက်ချဖို့ ခက်တယ်” ဟုလည်း သူပြောသည်။
“ဗိုင်းရပ်စ်သစ်လည်းအကူးခံရဖူးတွယ်။ အဖေလည်းဖြစ်ချင်တယ်ဆိုရင် မျိုးအောင်မအောင်စစ်ဖို့ အကြံပေးချင်တယ်” ဟု သူပြောသည်။
နိုဗယ်ကိုရိုနာဗိုင်းရပ်သည် Ace2-positive ဆဲလ်များနှင့် ပေါင်းစပ်ပြီး ကျောက်ကပ်များနှင့် မျိုအိမ်တစ်ရှူးများကို ပျက်စီးစေကြောင်း နန်ကျင်းတက္ကသိုလ် ဆူကျိုတွဲဖက်ဆေးရုံမှ ဆီးလမ်းကြောင်းဆရာဝန်များက သီးခြားလေ့လာမှုတခုကို MedRxiv.org တွင်ဖေါ်ပြသည်။ သို့သော် MedRxiv.org တွင်ဖေါ်ပြသည့် စာတမ်းများကို ပညာရှင်များက စစ်ဆေးသုံးသပ်ခြင်း မပြုကြပေ။
ထိုသို့သော မျိုးအိမ် ထိခ်ိုက်မှုများသည် မျိုးမအောင်ခြင်းနှင့် မျိုးအိမ်အကြိတ်များဖြစ်စေသည်ဟု ထိုဆောင်းပါးကဆိုသည်။
ကိုးကား။ ။ South China Morning Post
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်သလဲ
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေရချိန်မှာ ဘယ်လို နေထိုင်ရမလဲ
တနင်္ဂနွေနေ့မှစ၍ မနီလာကို ဝင်ထွက်မှု ယာယီတားမြစ်ရန် ဒူတာတေးအမိန့်ထုတ်