Health

အဆုတ်ကို သန့်စင်ပေးနိုင်မယ့် သဘာဝ နည်းလမ်းကောင်းများ

Want create site? Find Free WordPress Themes and plugins.

လေထုညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင် ဖုန်မှုန့်တွေနဲ့ ဆေးလိပ်သောက်သုံးတာ၊ တဆင့်ခံ ဆေးလိပ်ငွေ့ ရှုရှိုက်မိတာ စတဲ့ အကြောင်းအရာတွေဟာ အဆုတ်ကို ညစ်ညမ်းစေပြီး ရေရှည်မှာ အဆုတ်ကျန်းမာရေးပြဿနာတွေအထိပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အဆုတ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်မယ့် သဘာဝ နည်းလမ်းကောင်းတွေကို ပြန်လည် မျှဝေပေးချင်ပါတယ်။

(၁) ရေနွေးငွေ့ ရှူရှိူက်ပေးပါ

ရေနွေးအဖြူကို အဝကျယ် ပန်းကန်လုံးတလုံးထဲ ထည့်ပြီး ရေနွေးငွေ့ရှူရှိူက်ပေးတာမျိုး ပြုလုပ်ခြင်းဟာ အဆုတ်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်သလို ချွဲသလိပ်တွေ ကပ်ပြီး ချောင်းဆိုးနေတဲ့အခါမျိုးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာမျိုး ဖြစ်ပေါ်တဲ့အခါ သက်သာစေပါတယ်။

(၂) လက်ဖက်စိမ်း ရေနွေးကြမ်း (Green tea) သောက်သုံးပါ

လက်ဖက်စိမ်း ရေနွေးကြမ်းမှာ Antioxidant တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အဆုတ် ရောင်ရမ်းတာ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်ပွားတဲ့ အဆုတ် ကျန်းမာရေး ပြဿနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ တနေ့ကို လက်ဖက်စိမ်း ရေနွေးကြမ်း ၂ ခွက်ခန့်သောက်သုံးပေးခြင်းဟာ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

(၃) အဆုတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေ စားသုံးပါ

အဆုတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အစိမ်းရောင် အသီးအရွက်တွေ၊ သံလွင်ဆီ၊ အခွံမာသီးတွေ၊ ပဲအမျိုးမျိုးနဲ့ နနွင်းတို့လို အစားအစာတွေကို များများစားပေးသင့်ပါတယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

လေ့ကျင့်ခန်း ပြုလုပ်တာဟာ ခန္ဓာကိုယ်အပြင်ပန်း ကျစ်လျစ် လှပစေရုံတင် မကပါဘဲ ကိုယ်တွင်းအင်္ဂါတွေရဲ့ ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတာကြောင့် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။

Ref. www.medicalnewstoday.com

You may also like these stories:

နှာစေးနှာပိတ်ခြင်းကို ၁၅ မိနစ်အတွင်း သက်သာစေနိုင်မယ့် နည်းလမ်းကောင်းများ

ပုံမှန်ထက်ပိုပြီး ချွေးထွက်များရခြင်းရဲ့ အကြောင်းရင်းများ

နွေရာသီမှာ ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading