လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးအတွက် အံ့အားသင့်စရာကောင်းအောင် အကျိုးကျေးဇူးတွေ များပြားတယ်ဆိုပေမယ့် နေ့စဉ် လှုပ်ရှားသွားလာမှုမှာ တခြားသူတွေထက်ပိုပြီး လမ်းမြန်မြန်လျှောက်တတ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ မပျော်မရွှင်မှု များပြားသလို စိတ်ဖိစီးမှုတွေကိုလည်း ခံစားရနိုင်ခြေများတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
လက်ရှိ လူနေမှုစနစ်နဲ့ ရုန်းကန် လှုပ်ရှားနေရမှု ပုံစံဟာဆိုရင်လည်း လူသားတွေကို မြန်မြန်ဆန်ဆန် လမ်းလျှောက်ဖို့ တွန်းအားပေးနေပြီး လမ်းမြန်မြန် လျှောက်တတ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေအပြင် နှလုံးကျန်းမာရေးကိုပါ သက်ရောက်မှု ရှိနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီလေ့လာမှုအတွက် နိုင်ငံပေါင်း ၃၂ နိုင်ငံက နေ့စဉ် လှုပ်ရှားသွားလာနေသူတွေရဲ့ လမ်းလျှောက်မှုနှုန်းနဲ့ လမ်းလျှောက်မှုပုံစံတွေကို လေ့လာ စစ်တမ်းကောက်ယူခဲ့ကြတာ ဖြစ်ပြီး ပရော်ဖက်ဆာ Richard Wiseman ဦးဆောင်တဲ့ သုတေသန လေ့လာမှုအဖွဲ့က လေ့လာမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
လမ်းမြန်မြန်လျှောက်တာဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် တစိတ်တပိုင်းအားဖြင့် အကျိုးပြုတယ်ဆိုပေမယ့် နေ့စဉ် လှုပ်ရှားသွားလာမှုမှာ သယ်ဆောင်ရတဲ့ လက်ကိုင်အိတ် အပါအဝင် တခြားသော အသုံးအဆောင်ပစ္စည်းတွေ သယ်ဆောင်ပြီး လမ်းအမြန် လျှောက်တာမျိုးကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာပါ။
လေ့လာမှုတွေအရ နေ့စဉ် လှုပ်ရှားသွားလာမှုမှာ လမ်းအမြန်လျှောက်တာမျိုးကမှ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေတာ မဟုတ်ပါဘူး။ အစားအမြန်စားတာ၊ စကားမြန်မြန် ပြောတာ၊ အလုပ်နှစ်ခုကို တပြိုင်နက်တည်းလုပ်တာ စတာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး နှလုံးကျန်းမာရေးအထိပါ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref. www.brightside.me
You may also like these stories:
အစာမကြေဖြစ်ခြင်းကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းများ
သင့်ကလေးငယ်ရဲ့ ဦးနှောက်ဉာဏ်ရည်ကို ဖွံ့ဖြိုးစေမယ့် ကစားနည်းများ