တရုတ်နိုင်ငံက သုတေသီတွေရဲ့ လေ့လာချက်အရ COVID-19 ကူးစက်မှုတွေကို သွေးအမျိုးအစား A အုပ်စုဝင်တွေက တခြားအမျိုးအစားတွေထက် ခုခံနိုင်စွမ်း ပိုအားနည်းတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ လူနာ ၂၀၆ ယောက်ကို သုတေသနပြုချက်အရ ၈၅ ယောက်ဟာ သွေးအမျိုးအစား A ဖြစ်ပြီး သေဆုံးသူ အားလုံးရဲ့ ၄၁ ရာခိုင်နှုန်းထိ ရှိပါတယ်။
အဆိုပါ လေ့လာချက်အတိုင်း သွေးအမျိုးအစား A သမားတွေအတွက် အသေးစိတ် အချက်အလက်တွေရဖို့ နောက်ထပ် လေ့လာမှုတွေ လိုအပ်နေသေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။
တရုတ်နိုင်ငံက သုတေသီတွေဟာ အဆိုပါလေ့လာချက်ကို ဖော်ထုတ်နိုင်ဖို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၂,၀၀၀ ကျော်ကို လေ့လာ ဆန်းစစ်ခဲ့ပါတယ်။
လေ့လာချက်တွေအရ သွေးအမျိုးအစား A အုပ်စုဝင်တွေဟာ ဗိုင်းရပ်စ်ဒဏ်ကို တခြားသွေးအမျိုးအစားတွေထက် ခုခံနိုင်စွမ်း ပိုနည်းတာကို တွေ့ရှိခဲ့ကြပါတယ်။
သွေးအမျိုးအစား အားလုံးထဲမှာ ခုခံနိုင်မှု စွမ်းအား အမြင့်ဆုံးဖြစ်လို့ ကူးစက်ခံရမှု ဖြစ်နိုင်ချေ အနည်းဆုံးကတော့ သွေးအမျိုးအစား O လို့ ဆိုပါတယ်။
ဝူဟန်တက္ကသိုလ်က Wang Xinghuan ဦးဆောင်တဲ့ သုတေသီအဖွဲ့ဟာ Hubei ဒေသမှာရှိတဲ့ ဆေးရုံ ၃ ရုံမှာ တက်ရောက်ကုသနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၂,၁၇၃ ယောက်ကို လေ့လာခဲ့ရာ အဆိုပါ သွေးအ မျိုးအစားပေါ်မူတည်ပြီး ကူးစက်ခံရနိုင်ချေ ရာခိုင်နှုန်းကို တွက်ချက်နိုင်ခဲ့ပါတယ်။
အဆိုပါ သုတေသနလေ့လာချက်အရ တရုတ်နိုင်ငံမှာ ပိုတွေ့ရများတဲ့ O သွေးအမျိုးအစားဟာ ၃၄ ရာခိုင်နှုန်းထိ ရှိပြီး A သွေးအမျိုးအစားကတော့ ၃၂ ရာခိုင်နှုန်းပဲရှိပေမယ့် ကူးစက်ခံလူနာတွေထဲမှာ A သွေးတွေက ၄၁ ရာခိုင်နှုန်းထိ ကူးစက်ခံနေရချိန်မှာ O သွေးကတော့ ၂၅ ရာခိုင်နှုန်းလောက်ပဲ ကူးစက်ခံရပါတယ်။
တီယန်ကျင်းမှာရှိတဲ့ သုတေသီ Gao Yingdai က အဆိုပါ လေ့လာဖော်ထုတ်ချက်ဟာ ကုသပေးနေတဲ့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေအတွက် အထောက်အကူ ရနိုင်တယ်လို့ ဆိုပေမယ့် ပြည်သူလူထုထဲက A သွေးပိုင် ရှင်တွေကလည်း စိုးရိမ်စရာ မလိုဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ချမှတ်ပေးထားတဲ့ ကာကွယ်ရေး နည်းလမ်းတွေအတိုင်း နေထိုင်သင့်တယ်လို့ ဆိုပါတယ်။
Ref: Science Focus
You may also like these stories:
နိုင်ငံခြားသားအားလုံးကို ခရီးသွားဗီဇာ ဆိုင်းငံ့လိုက်တဲ့ ဗီယက်နမ်နိုင်ငံ
COVID-19 ကာကွယ်ဖို့ အမေရိကန်က မြန်မာနိုင်ငံကို ဒေါ်လာ ၁ ဒဿမ ၈ သန်း လှူဒါန်း
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှု ကာလမှာ ပြန်ကြည်လင်လာတဲ့ ဗင်းနစ်မြို့မှ ရေများ