Health

ရေမလိုလက်သန့်ဆေးရည် (Hand Sanitizer) ကို အိမ်မှာအလွယ်တကူ ပြုလုပ်ကြမယ်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့ အခုလိုအချိန်ကာလမှာ လက်ကိုမကြာခဏဆေးကြောဖို့ အတွက် ကျန်းမာရေးဝန်ကြီးဌာနကရော ဆေးပညာရှင်တွေကပါ အကြံပြုပြောဆိုထားတာပါ။ ဒီအကြံပြုချက် တွေကို လိုက်နာဆောင်ရွက်မှုကြောင့်လည်း လတ်တလောမှာ ဈေးကွက်အတွင်း လက်သန့်ဆေးရည် (Hand Sanitizer) တွေ ပြတ်လပ်တဲ့အထိကို ဝယ်လိုအား မြင့်တက်နေတာ ဖြစ်ပါတယ်။

ကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတခုဖြစ်တဲ့လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာ ဆေးကြောဖို့၊ ဆပ်ပြာနဲ့ ရေအလွယ်တကူမရှိတဲ့အခါ လက်သန့်ဆေးရည် အသုံးပြုဖို့ကို နိုင်ငံအသီးသီးက ကျန်းမာရေးဌာနတွေက ထုတ်ပြန်ထားတာပါ။ ဒါတွေကြောင့်ပဲ Hand Sanitizer တွေဟာ ဝယ်လိုအား တရှိန်ထိုး မြင့်တက်လာနေတာဖြစ်ပြီး လူတိုင်းနီးပါး ဝယ်ယူအသုံးပြုနေကြတဲ့ Hand Sanitizer ကို အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ ရမယ့် နည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။

လက်သန့်ဆေးရည် (Hand Sanitizer) ပြုလုပ်ဖို့ လိုအပ်တဲ့ အဓိက ကုန်ကြမ်းတွေကတော့ 99% Alcohol Volume ရှိတဲ့ Isopropyl ဒါမှမဟုတ် Rubbing Alcohol၊ ရှားစောင်းလက်ပပ်ဂျယ်လ် နဲ့ အနံ့အတွက် မိမိကြိုက်နှစ်သက်တဲ့ Essential Oil တမျိုးမျိုး ( Lavender Oil ဒါမှမဟုတ် Tea Tree Oil) ၊ ပါဝင်ပစ္စည်းတွေ ထည့်မွှေဖို့ ပန်းကန်လုံး၊ ဇွန်းတချောင်းပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Isopropyl ဒါမှမဟုတ် Rubbing Alcohol ကို ၄ ပုံ ၃ ပုံခန့်ထည့်ပါ၊ ပြီးရင်တော့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ၄ ပုံတပုံခန့်ထည့်ပါ။ ထည့်ပြီးရင်တော့ ဇွန်းနဲ့ သေချာနှံ့စပ်အောင် မွှေပါ။ မွှေပြီးရင်တော့ အနံ့အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ Essential Oil တမျိုးမျိုးထည့်ပါ။ ဒါတွေအားလုံးပြီးသွားရင်တော့ လေလုံပြီးသန့်ပြန့်တဲ့ ပလတ်စတစ်ဘူးတဘူးထဲကို ထည့်ပြီး လက်သန့်ဆေးရည်အဖြစ် အသုံးပြုလို့ရပြီပဲ ဖြစ်ပါတယ်။

Ref. www.healthline.com

Did you find apk for android? You can find new Free Android Games and apps.
Loading