တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြန့်ပွားမှုနှုန်းလည်း မြန်ဆန်သလို အသေအပျောက်လည်း များတာကြောင့် လတ်တလော အခြေအနေဟာ အစစအရာရာ ဂရုတစိုက်ဆင်ခြင်ရမယ့် အခြေအနေတခုပါ။
ဒီအခြေအနေမှာ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့လည်း အထူးဂရုစိုက် နေထိုင်သင့်ပြီး COVID-19 Positive ဖြစ်တဲ့ ကိုယ်ဝန်ဆောင်တွေဟာ ရောဂါ ပိုမိုပြင်းထန်တာကို လေ့လာ တွေ့ရှိထားတာကြောင့် ဘယ်အချက်တွေကို လိုက်နာသင့်တယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) တခြားသူတွေလိုပဲ လက်ကို မကြာခဏ ဆေးကြော ပေးရပါမယ်
ကိုယ်ဝန်ဆောင်သည်တွေဟာ ပုံမှန်လူတွေထက် ကိုယ်ခံအားစနစ် အားနည်းပြီး ရောဂါပိုး ကူးစက်လွယ်တာကြောင့် လက်ကို မကြာခဏ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ နို့တိုက်မိခင်တွေ အနေနဲ့လည်း ကလေးကို နို့မတိုက်ခင်နဲ့ နို့တိုက်အပြီးမှာ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ စနစ်တကျ ဆေးကြောပေးသင့်ပါတယ်။
(၂) လူထူထပ်တဲ့နေရာတွေ သွားတဲ့အခါ Mask မဖြစ်မနေ အသုံးပြုရပါမယ်
ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ အခုလိုကာလမှာ လူထူထပ်တဲ့ နေရာတွေဆီ သွားလာတာမျိုးကို ရှောင်ကြဉ်သင့်ပြီး ဆေးခန်းလို လူထူထပ်တဲ့ နေရာမျိုး မဖြစ်မနေ သွားရမယ်ဆိုရင် Mask အသုံးပြုဖို့ လိုအပ်ပါတယ်။
(၃) Social Distancing လုပ်ပါ
ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ Social Distancing ပြုလုပ်ဖို့က အရေးကြီးပြီး မလွှဲသာ မရှောင်သာလို့ အပြင်ထွက်ရတဲ့အခါ လူတွေနဲ့ ၃ ပေကနေ ၆ ပေအကွာလောက်ထိမှာ ခပ်ခွာခွာ နေသင့်ပါတယ်။
(၄) အာဟာရ ပြည့်ဝအောင် စားသောက်ပါ
ကိုယ်ဝန်ဆောင်တွေရဲ့ကိုယ်ခံအားစနစ်က သာမန်လူတွေထက် အားနည်းတာကြောင့် ကိုယ်ခံအား ကောင်းမွန်ပြီး ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ အာဟာရပြည့်ဝအောင် စားသောက် နေထိုင်သင့်ပါတယ်။
Ref. www.buzzfeednews.com
You may also like these stories:
Remdesivir ဆေး စမ်းသပ်ခံ ကိုဗစ်လူနာ အခြေအနေကောင်းမွန်
COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာ လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်
Covid-19 ကုသဆေး အပြင်းအထန် ရှာနေ