တောင်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို စနစ်တကျ ထိန်းချုပ်နိုင်တာကြောင့် ကူးစက်မှုနှုန်း လျော့ နည်းလာတဲ့ နိုင်ငံပါ။ ဒီလိုပဲ ဥရောပတိုက်က ဂျာမနီနိုင်ငံကလည်း ကိုရီးယားလို လျော့ကျမှုနှုန်းများလာအောင် ရောဂါစမ်းသပ်မှုတွေကို အရှိန်ဟုန်နဲ့ လုပ်ဆောင်လာပါတယ်။
ဂျာမနီနိုင်ငံဟာ လက်ရှိမှာ တခြားဥရောပနိုင်ငံတွေထက် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုတွေမှာ တပတ် ၃ သိန်း ကနေ ၅ သိန်းနီးပါးနှုန်းနဲ့ စစ်ဆေးနိုင်တယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ဂျာမနီအဓိပတိ Angela Merkel ရဲ့ အစိုးရအဖွဲ့ကိုယ်တိုင်က တနေ့ကို လူအယောက် ၂ သိန်းနီးပါး ရောဂါစမ်းသပ်နိုင်ဖို့ကို တိုးမြင့်လုပ်ဆောင်သွားဖို့ ရှိပါတယ်။
ဒါဟာ ရောဂါကူးစက် သံသယရှိသူ အားလုံးအပြင် ကူးစက်ခံ လူနာတွေနဲ့ ထိတွေ့ခဲ့သူ အားလုံးကို အမြန်ဆုံး စစ်ဆေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဂျာမနီနိုင်ငံမှာ COVID -19 သံသယ လက္ခဏာရှိသူတွေနဲ့ ကူးစက်ခံ လူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို အဓိကထား စမ်းသပ်စစ်ဆေးနေပါတယ်။
ကူးစက်ခံ လူနာတွေကို ရှာဖွေတဲ့ နေရာမှာ ထိရောက်မှုရှိတဲ့ နည်းလမ်းတခုကတော့ လူနာတွေရဲ့ သွားလာမှု နေရာတွေကို မိုဘိုင်းဖုန်းကတဆင့် ခြေရာခံပေးတဲ့ စနစ်ကို အသုံးပြုနေတာပါ။ သူတို့သွားလာခဲ့ရာ လမ်းကြောင်းတွေနဲ့ လူတွေကို မကူးစက်ခံရအောင် သီးခြားခွဲထားတာတွေကို စဉ်ဆက်မပြတ် သိရှိနေအောင် လုပ်ထားတာပါ။
အစိုးရနဲ့ ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင်တွေက အဆိုပါ ခြေရာခံစနစ်ကို အသုံးပြုတာဟာ ကွန်မြူနစ်နဲ့ နာဇီ ခေတ်တွေက အသုံးပြုခဲ့တဲ့ ထောက်လှမ်းရေးစနစ်တွေကို ပြန်အသက်သွင်းနေတာဆိုပြီး ထောက်ပြ ဝေဖန်သံတွေ ထွက်ခဲ့ပါသေးတယ်။
ဂျာမနီက တောင်ကိုရီးယားနိုင်ငံကို အတုယူပြီး “trace, test and treat” ဆိုတဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းကို လျော့ကျအောင် လုပ်ဆောင်နေတာပါ။ အဆိုပါ နည်းလမ်းအရ သံသယလူနာအများစုကို ရှာဖွေနိုင်ပြီး ကူးစက်ခံလူနာတွေကိုလည်း နည်းပညာ အကူအညီနဲ့ လေ့လာစောင့်ကြည့်နိုင်မှာပါ။
ဂျာမနီနဲ့ တောင်ကိုရီးယားနိုင်ငံဟာ မတူကွဲပြားတဲ့ နိုင်ငံဆိုပေမယ့် အာရှနိုင်ငံရဲ့ ရောဂါကာကွယ်စောင့်ကြည့်ရေး နည်းဗျူဟာကို ဥပမာပြုပြီး သုံးနိုင်တယ်လို့ ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ Robert Koch က ဆိုပါတယ်။ ဒီနည်းဗျူဟာရဲ့ အဓိကသော့ချက်က လက်ကိုင်ဖုန်းက အချက်အလက်တွေကို ခြေရာခံတာပဲလို့ ဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ COVID-19 ကူးစက်ခံလူနာ ၆၆,၀၀၀ ကျေ ာ်ရှိတဲ့ထဲက ၆၄၅ ယောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ လတ်တလောမှာ ကူးစက်မှုနှုန်းနဲ့ သေဆုံးသူ အများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံနဲ့ စပိန်နိုင်ငံတွေထက် နည်းတာကို မြင်တွေ့ရမှာပါ။
ဒါပေမဲ့လည်း ဂျာမနီကျန်းမာရေးဝန်ကြီး Jens Spahn ကတော့ နောက်အပတ်ထဲမှာ ကူးစက်မှု အသစ်တွေနဲ့ ရိုက်ခတ်နိုင်ဖွယ်ရှိတယ်လို့ ကြိုတင်သတိပေးလိုက်ပါတယ်။ အီတလီနိုင်ငံလို စံချိန်တင်ဖြစ်သွားမယ့် အခြေအနေကိုလည်း သတိထားရမယ်လို့ ဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ COVID-19 ကူးစက်ခံ လူနာတွေကို ကုသပေးဖို့အတွက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား မလုံလောက်တာကြောင့် အနားယူသွားတဲ့ ပညာရှင်တွေနဲ့ ဆေးကျောင်းသားတွေပါ ဆေးရုံတွေမှာ ကူညီပေးနေရပါတယ်။
Ref: The Korea Times
You may also like these stories:
အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း လူ ၅၀၀ ကျော် သေဆုံး
COVID-19 ရောဂါပိုးတွေ့လူနာ ဝေဘာဂီဆေးရုံကြီးတွင် ကွယ်လွန်
သူဌေးကျွန်းနှင့် ရတနာကျွန်းများ ခရီးသွားခွင့် ရက်အကန့်အသတ်မရှိ ပိတ်