ကိုရိုနာကာလ အတောအတွင်းမှာ သာမန်အချိန်တွေထက် ပိုပြီး လက်မကြာခဏ ဆေးကြောဖို့ဟာ အရေးကြီးပြီး လက်မကြာခဏဆိုသလို ဆေးကြောတာဟာ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ပေးတဲ့ ရိုးရှင်းတဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။
အခုဖော်ပြပေးချင်တာကတော့ ဘယ်လိုအရာဝတ္ထုတွေနဲ့ ထိတွေ့ကိုင်တွယ်ပြီးတဲ့အခါ လက်ကို ချက်ချင်းဆိုသလို ဆေးကြောဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) ပိုက်ဆံ
ပိုက်ဆံတွေဟာ လူပေါင်းစုံထိတွေ့ ကိုင်တွယ်ပြီး အသုံးပြုနေကြတာ ဖြစ်တာကြောင့် ရောဂါပိုးမွှားတွေ အလွယ်တကူ ကပ်ငြိနေနိုင်တဲ့အတွက် ပိုက်ဆံကိုင်ပြီးတဲ့အခါတိုင်း လက်ကို ချက်ချင်းဆိုသလို ဆေးကြောသင့်ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကာလမှာ ငွေစက္ကူ ပိုက်ဆံတွေအစား ကတ်စနစ်ကို အသုံးပြုဖို့ ဆေးပညာရှင်တွေက အကြံပြုထားတာကြောင့် ကိုင်တွယ်ပြီးတာနဲ့ လက်ဆေးဖို့ လိုအပ်ပါတယ်။
(၂) ဖုန်းနဲ့ ကွန်ပျူတာ
ဖုန်းမျက်နှာပြင်နဲ့ ကွန်ပျူတာစတာတွေဟာ နေ့တိုင်းလိုလို ထိတွေ့ကိုင်တွယ်နေရတဲ့အတွက် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် ဒါတွေကို အသုံးပြုပြီးတိုင်း လက်ဆေးသင့်ပါတယ်။
(၃) တံခါးလက်ကိုင်ဘုများ
လူအများထိတွေ့ ကိုင်တွယ်ထားတဲ့ အရာတွေ ဖြစ်တဲ့ တံခါးလက်ကိုင်ဘုတွေ၊ လက်ရန်းတွေ၊ လက်ကိုင်ကွင်းတွေကို ကိုင်တွယ်ပြီးတဲ့အခါမှာလည်း မဖြစ်မနေ လက်ကို ဆေးကြောသင့်ပါတယ်။
(၄) ဆေးခန်း
ဆေးရုံ၊ ဆေးခန်းစတာတွေဟာ ရောဂါဝေနာအမျိုးမျိုးကြောင့် လာရောက် ပြသသူတွေ ရှိတာဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊ဆေးခန်းကနေ ပြန်လာတဲ့အခါမျိုးမှာလည်း လက်ကိုစင်ကြယ်စွာ ဆေးကြောသင့်ပါတယ်။
(၅) မီးဖိုချောင်သုံး အသုံးအဆောင်တွေ
မီးဖိုချောင်ဟာ ပိုးမွှားအများစု ကပ်ငြိနေနိုင်တာ ဖြစ်တာကြောင့် မီးဖိုချောင် အသုံးအဆောင်တွေဖြစ်တဲ့ ဓား၊ စဉ်းတီတုံးနဲ့ ပန်းကန်ဆေးဖော့လို အသုံးအဆောင်တွေ ကိုင်တွယ်ပြီးတဲ့အခါ လက်ကို ဆေးကြောဖို့ မမေ့လျော့သင့်ပါဘူး။
Ref. www.rd.com
You may also like these stories:
လင်းနို့၊ သင်းခွေချပ်နဲ့ ကိုဗစ်-၁၉
ကိုရိုနာကြောင့် သေဆုံးသူများတွင် အမျိုးသမီးထက် အမျိုးသားလူဦးရေပိုများ
အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ