နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ အိမ်ကနေရုံး ၊ ရုံးကနေအိမ် သွားလာလှုပ်ရှားနေရခြင်းဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အိမ်မှာနေရင်းအလုပ်လုပ်ကြရတဲ့ အတွေ့အကြုံ အသစ် တခုကို ဖြတ်သန်းနေကြရတာပါ။
အတွေ့အကြုံအသစ်ကို ဖြတ်သန်းနေကြရင်း အချိန်ကြာလာတာနဲ့အမျှ အထီးကျန်မှုကို ခံစားလာရတဲ့အခါမျိုးမှာ တယောက်တည်း နေထိုင်သူတွေနဲ့ မိသားစုနဲ့ကင်းဝေးရာမှာ Quarantine လုပ်နေသူတွေအတွက် ပိုမိုခက်ခဲလေ့ ရှိတာပဲဖြစ်ပါတယ်။ အိမ်မှာနေထိုင်အလုပ်လုပ်ရင်း အထီးကျန်မှုကို ခံစားရခြင်းအတွက် အောက်ပါနည်းလမ်းတချို့ကို ဧရာဝတီစာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။
(၁) လူမှုဆက်ဆံရေး နယ်ပယ်တခုဖန်တီးပါ
လတ်တလောခက်ခဲနေတဲ့အခြေအနေတွေမှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့မဖြစ်နိုင်သေးတာကြောင့် နာရီနဲ့အမျှ ရှည်လျားတဲ့ Video Chat တွေကို မိမိနဲ့ စိတ်တူကိုယ်တူရှိသူတွေနဲ့ ဖွဲ့စည်းထားသင့်တာပဲဖြစ်ပါတယ်။
(၂) ကော်ဖီတခွက်နဲ့ တွေ့ဆုံပါ
Zoom ဒါမှမဟုတ် Skype Software တွေက တဆင့် မိမိနှစ်သက်ရတဲ့ လူတဦးတယောက်ဆီ ဒါမှမဟုတ် သူငယ်ချင်းတွေ ဆီ ခေါ်ဆိုရင်း တနေ့တာကို စတင်နိုင်ပါသေးတယ်။ နည်းပညာအရ မဆက်သွယ်မဖြစ်ဆက်သွယ်နေကြရပေမယ့် တယောက်နဲ့တယောက်ကြား ဆက်ဆံရေးကို နွေးထွေးနေစေမှာဖြစ်ပါတယ်။
(၃) အခန်းထဲကနေထွက်ပါ
Social Distancing ကာလဖြစ်တဲ့အတွက် အခန်းနဲ့ မလှမ်းမကမ်းမှာ လမ်းလျှောက်တာ ၊ နေရာတခုမှာ ခုံလေးတလုံး နဲ့ထိုင်ရင်း ရှုခင်းတွေကို ငေးမောတာဟာ သင့်ကို စိတ်ကူးဉာဏ်တချို့ကွန့်မြူးစေနိုင်မှာလည်းဖြစ်ပါတယ်။ အဲဒီပထမနေရာကို ငြီးငွေ့လာတဲ့အခါ နောက်တနေရာကို ရွှေ့ပီး သဘာဝတရားနဲ့အတူ နေထိုင်နိုင်ပါသေးတယ်။
(၄) မိမိကိုယ်ကို ဂရုစိုက်ပါ
မိတ်ဆွေသူငယ်ချင်းတွေနဲ့ Video Call တွေပြောဆိုခြင်း ၊ ရှုခင်းကြည့်ခြင်းတွေပြီးတဲ့အခါမှာတော့ သင့်ရဲ့ တကိုယ်ရည် တကာယ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အာရုံစိုက်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ စာဖတ်ခြင်း ၊ သီချင်းနားထောင်ခြင်းတွေအပြင် မိမိသင်ကြားလိုတဲ့ အသိပညာအတတ်ပညာတခုခုကို ရှာဖွေ သင်ယူခြင်းဟာလည်း အထောက်အပံ့ပြုနိုင်တဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။
(၅) ကျေနပ်လက်ခံပါ
လုပ်ငန်းခွင်မှာဖြစ်ဖြစ် ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့ အချိန်တွေမှာဖြစ်ဖြစ် စိတ်ချလက်ချလုံလုံခြုံခြုံဆွေးနွေးပြောဆိုနိုင်သူတွေ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ စိတ်ပညာစစ်တမ်းတွေအရ မိမိအတွက် ရှိနေပေးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်းဖော်ပြခြင်းဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
Ref. www.mindbodygreen.com
You may also like these stories:
ခွေးသား၊ ကြောင်သားတွေကို စားသုံးခွင့် ပိတ်ပင်တဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့
ဆေးဘက်သုံးပစ္စည်းတွေ တရားမဝင် တင်ပို့မှုကို အရေးယူမယ့် သြစတြေးလျနိုင်ငံ
လေထဲကနေပါ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ ရှိလာနိုင်တယ်လို့ သုတေသီတွေ ခန့်မှန်း