Health

ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ အမူအကျင့်များ

Want create site? Find Free WordPress Themes and plugins.

အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကျန်းမာရေးကို တခြားသော အချိန်တွေမှာထက် ပိုမိုဂရုစိုက်သင့်ပြီး ကိုယ်ခံအားစနစ် ကောင်းမွန်အောင်လည်း ပြုမူနေထိုင်စားသောက် သင့်ပါတယ်။ အခုဖော်ပြပေးမှာကတော့ သတိမထားမိဘဲ ပြုလုပ်မိနေတတ်တဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တဲ့ အမူအကျင့်တွေပဲဖြစ်ပါတယ်။

(၁) ရေများများ မသောက်တာ

ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်ဖို့ ရေဓာတ်လုံလောက် ပြည့်ဝနေမှုဟာလည်း အရေးကြီးပြီး အခုလို ရာသီဥတု ပူပြင်းပြီး ကူးစက်ရောဂါတွေ ပျံ့နှံ့နေတဲ့အချိန်ကာလမျိုးမှာ ရေကို မမေ့မလျော့ သောက်သုံးပေး သင့်ပါတယ်။ ရေများများ သောက်သုံးခြင်းဟာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ကိုယ်ခံအားစနစ် ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

(၂) ကဖင်းနဲ့ အယ်လ်ကိုဟောပါဝင်တာတွေ သောက်သုံးတာ

ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊အချိုရည်တွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေ သောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို ယုတ်လျော့စေပြီး ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် အတတ်နိုင်ဆုံး လျှော့သောက်သင့်ပါတယ်။

(၃) အချိုဓာတ်ကဲတာတွေ အစားများတာ

အချိုဓာတ်ကဲလွန်းတဲ့ အစားအစာတွေဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တာကြောင့် ကူးစက်ရောဂါတွေ အလွယ်တကူ ဝင်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အသီးအနှံတွေမှာ ပါဝင်တဲ့ သဘာဝအချိုဓာတ် လောက်ကိုပဲ စားသုံးသင့်ပြီး ပြုပြင်စီမံထားတဲ့ အချိုဓာတ်တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

(၄) အိပ်ချိန်နည်းလွန်းတာ

ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့ဆိုတာဟာ အစားအသောက်လည်း အရေးကြီးသလို အိပ်စက်ချိန်ကလည်း အရေးကြီး ပြန်ပါတယ်။ အိပ်ချိန်နည်းလွန်းတာဟာလည်း ခုခံအားစနစ်ကို ယုတ်လျော့စေတာကြောင့် အခုလို ကာလမှာ အိပ်စက်ချိန် လုံလုံလောက်လောက် ရှိသင့်ပါတယ်။

Ref. www.dailyrepublic.com

You may also like these stories:

လေထဲကနေပါ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ ရှိလာနိုင်တယ်လို့ သုတေသီတွေ ခန့်မှန်း

ဆေးဘက်သုံးပစ္စည်းတွေ တရားမဝင် တင်ပို့မှုကို အရေးယူမယ့် သြစတြေးလျနိုင်ငံ

ခွေးသား၊ ကြောင်သားတွေကို စားသုံးခွင့် ပိတ်ပင်တဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့

Did you find apk for android? You can find new Free Android Games and apps.
Loading