နိုင်ငံနဲ့အဝှမ်း ပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင် အချိန်နဲ့အမျှ ကူးစက်ပျံ့နှံ့နှုန်းတွေ မြင့်တက်နေသလို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ထွက်ရှိနေတဲ့ ကောလာဟလတွေကလည်း မနည်းမနောပဲဖြစ်ပါတယ်။
အရက်သောက်သုံးရင် ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်ဘူးဆိုတာတွေ၊ ပူတဲ့ရာသီဥတု အခြေအနေမျိုးမှာ ဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ဆေးပညာရှင်တွေကတော့ အခုလိုပဲ ပြန်လည်ဖြေရှင်းထားပါတယ်။
သြစတြေးလျ ဆေးပညာရှင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပူပြင်းတဲ့ ရာသီဥတု အခြေအနေမှာရော၊ စိုစွတ်ပြီး ရာသီဥတုအေးတဲ့ အခြေအနေမှာပါ ရှင်သန်နေထိုင် ကူးစက်ပျံ့နှံ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အပူချိန်မြင့်တက်တဲ့ နိုင်ငံတွေမှာပါ ဗိုင်းရပ်စ်ဟာ ကူးစက်ပြန့်ပွားနေတာလည်း ဖြစ်ပါတယ်။
တော်တော်များများက ရာသီဥတုပူပြင်းနေရင် ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ မကူးစက်နိုင်ဘူးလို့ ထင်မြင်နေကြတာဖြစ်ပြီး ဒီအမြင်တွေကို ဆေးပညာရှင်တွေက ပြန်လည်ရှင်းလင်းထားတာလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နောက်ထပ်ကောလာဟလတွေဖြစ်တဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာတွေ သောက်သုံးရင် မကူးစက်နိုင် ဘူးဆိုတာဟာလည်း မမှန်ကန်ကြောင်း ရှင်းလင်းပြောကြားထားပါသေးတယ်။
အရက်သောက်သုံးခြင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို မကာကွယ်ပေးနိုင်တာကြောင့် အရက်သောက်သုံးဖို့ မလိုအပ်ကြောင်းဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ ရောဂါကူးစက်ခံထားရသူနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံခြင်း၊ ရောဂါကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးတာကနေ တဆင့်ပြန်လည်ကူးစက်တာ ဖြစ်တာကြောင့် မကြာခဏ လက်ဆေးဖို့၊ လူထူထပ်တဲ့ နေရာတွေ သွားလာတဲ့အခါ Mask အသုံးပြုဖို့၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးအသုံးပြုဖို့နဲ့ ဖျားနာတာ၊ အသက်ရှုရခက်ခဲတာ၊ ချောင်းဆိုးတာမျိုးတွေ ဖြစ်တဲ့အခါ အမြန်ဆုံး ဆေးကုသမှု ခံယူဖို့ အသိပေးတိုက်တွန်းထားတာ ဖြစ်ပါတယ်။
Ref. www.businessinsider.com
You may also like these stories:
ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ အမူအကျင့်များ
လေထဲကနေပါ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ ရှိလာနိုင်တယ်လို့ သုတေသီတွေ ခန့်မှန်း
ကလေးများလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း WHO သတိပေး