Health

မကြာခဏ လက်ဆေးခြင်းကြောင့်ဖြစ်တဲ့ ခြောက်သွေ့မှုကို ဘယ်လိုထိန်းသိမ်းမလဲ

အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့အချိန်မှာ လက်မကြာခဏ ဆေးကြောသန့်စင်ပေးတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတခုကနေ ပါဝင်နေတာဖြစ်ပါတယ်။

လက်ကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး စင်ကြယ်စွာ ဆေးကြောတာ၊ ရေနဲ့ဆပ်ပြာ အလွယ်တကူမရှိတဲ့အခါမျိုးမှာ အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်စင်ဆေးရည်တွေ အသုံးပြုပြီး မကြာခဏ ဆေးကြောတာမျိုးကြောင့် လက်အရေပြား ခြောက်သွေ့ပြီး အရေပြားလန်တာ၊ ယားယံတာနဲ့ ခြောက်သွေ့ကြမ်းတမ်းလာတာမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

လက်မကြာခဏ မဆေးလို့မရတဲ့ အခြေအနေမျိုးမှာ အခုလို လက်အရေပြားခြောက်သွေ့ ပျက်စီးလာပြီဆိုရင်တော့ အခုပြောပြပေးမယ့် နည်းလမ်းတွေ အသုံးပြုပြီး ပြန်လည်ထိန်းသိမ်းနိုင်ပါတယ်။

(၁) Hand Cream လိမ်းပါ

လက်မကြာခဏဆေးလို့ လက်အရေပြား ခြောက်သွေ့ကြမ်းတမ်းတာ၊ အရေပြားလန်တာမျိုးတွေ မဖြစ်ရအောင် လက်ဆေးပြီးတာနဲ့ အစိုဓာတ်ပါတဲ့ Hand Cream ဒါမှမဟုတ် Moisturizer တမျိုးမျိုးကို လိမ်းပေးသင့်ပါတယ်။ ဒီလိုအသုံးပြုပေးခြင်းအားဖြင့် လက်ခဏခဏဆေးလို့ အရေပြားခြောက်သွေ့ပြီး ပျက်စီးတာမျိုးကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) သဘာဝအဆီတမျိုးမျိုး လိမ်းပေးပါ

ညအိပ်ရာဝင်ကာနီးအချိန်တွေမှာ လက်ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီတမျိုးမျိုးကို လိမ်းကျံပေးပြီး လက်အိပ်စွပ်ပြီးမှ အိပ်စက်ခြင်းက အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

(၃) လက်ကိုရေဆေးပြီးတဲ့အခါ ညင်ညင်သာသာ လက်သုတ်ပါ

လက်ကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး ဆေးကြောပြီးတဲ့အခါ အဝတ်ခပ်ကြမ်းကြမ်းတွေနဲ့ သုတ်မယ့်အစား တစ်ရှူး ဒါမှမဟုတ် အဝတ်ခပ်ပါးပါးတွေကို အသုံးပြုပြီး ညင်ညင်သာသာ လက်သုတ်ပေးခြင်းအားဖြင့်လည်း လက်အရေပြား ခြောက်သွေ့ကြမ်းတမ်းခြင်းကို လျော့ကျစေမှာပါ။

Ref. www.uclahealth.com

You may also like these stories:

ပူပြင်းတဲ့ ရာသီဥတုမှာလည်း ကိုရိုနာ ကူးစက်ပျံ့နှံနိုင်ကြောင်း ဆေးပညာရှင်တွေ အသိပေး

ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ အမူအကျင့်များ

အိမ်ကနေအလုပ်လုပ်သူတွေ ကြုံတွေ့ရမယ့် အထီးကျန်မှုကို တွန်းလှန်နိုင်တဲ့နည်းများ

Loading