ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုလိုအခြေအနေမှာ လူထူထပ်တဲ့ နေရာတွေ မသွားဖို့ ၊ လက်မကြာခဏ ဆေးကြောဖို့၊ အကြောင်းရင်းထွေထွေထူးထူးမရှိရင် အိမ်ထဲမှာပဲ နေဖို့ ဆေးပညာရှင်တွေက အကြံပြုတိုက်တွန်းထားတာကြောင့် လတ်တလောအချိန်ဟာ လူတိုင်းနီးနီးပါး အိမ်ထဲမှာပဲ အချိန်တော်တော်များများကို ဖြတ်သန်းနေကြရတာပါ။
ဒါကြောင့် အိမ်ထဲမှာ အနေများတဲ့အချိန်တွေမှာ ရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ အိမ်တွင်းသန့်ရှင်းရေးကို ဘယ်လိုပြုလုပ်ကြမလဲဆိုတဲ့ နည်းလမ်းတချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။
(၁) အိမ်တွင်းအသုံးပြုတဲ့ အဝတ်အထည်တွေကို ပိုးသတ်ပါ
အိမ်တွင်းမှာ အသုံးပြုတဲ့ ဆိုဖာစွပ်တွေ၊ လက်သုတ်ဝတ်တွေ၊ ခေါင်းအုံးစွပ်၊ စောင် စတာတွေကို ရေနွေးဆူဆူ အသုံးပြုပြီး ပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။
(၂) အိမ်ခန်းတွင်းသန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပါ
အိမ်ရဲ့ လူဝင်လူထွက်များတဲ့ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုချောင်လို နေရာမျိုးတွေမှာ ရောဂါပိုးမွှားအများဆုံး ခိုအောင်းနိုင်တာကြောင့် ပိုးသတ်သန့်စင်ဆေးရည်တွေ အသုံးပြုပြီး ကြမ်းတိုက်တာ ဒါမှမဟုတ် ရေနွေးနဲ့ ရှာလကာရည်ရောစပ်အသုံးပြုပြီး သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။
(၃) လက်နဲ့ထိတွေ့ကိုင်တွယ်မှု များတဲ့နေရာတွေကို အဓိကပိုးသတ်ပါ
လက်နဲ့ထိတွေ့ကိုင်တွယ်မှုများတဲ့တံခါးလက်ကိုင်ဘုတွေ၊ လှေကားလက်ရန်းတွေ၊ အိမ်မှာ အလုပ်လုပ်တဲ့သူတွေ အနေနဲ့လည်း မကြာခဏဆိုသလို ကိုင်တွယ်နေရတဲ့ ဖုန်း၊ ကွန်ပျူတာ စတာာတွေကို အဓိကထား သန့်စင်ပိုးသတ် ပေးဖို့ကလည်း အရေးကြီးပါတယ်။
(၄) အိမ်တွင်းလေသန့်စင်စက် ထားရှိပါ
အိမ်တွင်း လေသန့်စင်စက်တွေဟာ ဖုန်မှုန့်တွေကို စစ်ထုတ်ပေးနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.architecturealddigest.com
You may also like these stories:
ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်
Mask ဝတ်တဲ့ ယဉ်ကျေးမှု အရှေ့နဲ့ အနောက် မတူပါ
Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်