နယူးယောက်မြို့မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်မားဆုံး ဆင်ခြေဖုံး ၃ ခုမှာ နေထိုင်တဲ့ နယူးယောက် ဒေသခံများဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေမှာ ကိုင်တွယ်ပုံ ညံံ့ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ဧပြီလ ၂၀ ရက်နေ့က တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
ကပ်ရောဂါဖြစ်ပွားချိန်မှာ သတင်းချန်လှပ်ခြင်း၊ လျင်မြန်စွာ ကိုင်တွယ်မှု မရှိခြင်း၊ ခရီးသွားလာခြင်းတွေကို လျင်မြန်စွာ မကန့်သတ်ခြင်း၊ တကမ္ဘာလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ကျခြင်းများကြောင့် တရားစွဲဆိုတာဖြစ်တယ်လို့ သိရပါတယ်။
တရားစွဲဆိုသူများဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေနဲ့ တရုတ်နဲ့ ပူးပေါင်းကြံစည်မှုများ ရှိနေတယ်ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းတရားစွဲခဲ့တာ ဖြစ်ပါတယ်။ Westchester စီရင်စုမှာ နေထိုင်သူများက ဦးဆောင် တရားစွဲဆိုခဲ့တာဖြစ်ပြီး WHO ဘက်ကတော့ လက်ရှိမှာ မှတ်ချက်ပြု တုံ့ပြန်ခြင်းတွေ မရှိသေးဘူးလို့ သိရပါတယ်။
Westchester စီရင်စုဟာ နယူးယောက်မြို့ မြောက်ပိုင်းမှာ ရှိပြီး နေထိုင်သူတွေရဲ့ ၇၈ ရာခိုင်နှုန်းက အရွယ်ရောက်ပြီးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ နယူးယောက်မြို့ဟာ COVID-19 စတင်ပျံ့နှံ့ချိန်ကစပြီး ရောဂါဒဏ်ကို ပြင်းထန်စွာခံရတဲ့မြို့ ဖြစ်ပါတယ်။
တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တရားလိုရဲ့ ရှေ့နေကို မေးမြန်းရာမှတော့ ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာလည်း နယူးယောက်မြို့အတွင်း ရောဂါကူးစက်မှု ဆက်လက် မြင့်တက်နေပြီး သေဆုံးမှုတွေလည်း မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
Ref. TheGuardian
You may also like these stories:
WHO အထောက်အပံ့ ရပ်ဆိုင်းခြင်း ထရမ့် အမြင်ကျဉ်းမြောင်းမှုဟု ကျွမ်းကျင်သူများပြော
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၀ ဖေါ်ထုတ်နေပြီး ၃ ခုကို လူသားများတွင် စမ်းသပ်နေကြောင်း WHO ပြော