ကူးစက်ပြန့်ပွားမှုနှုန်း အရှိန်အဟုန် ကောင်းကောင်းနဲ့ မြင့်တက်နေတဲ့ COVID -19 ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လက်ရှိအချိန်မှာတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ခံစားနေကြရတာပါ။ ကုသနိုင်တဲ့ ဆေးရယ်လို့ တိတိကျကျ မထွက်သေးတာကြောင့် ဒီရောဂါ မဖြစ်ပွားအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ နည်းလမ်းကိုသာ အဓိကထား လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။
ဒီလိုအချိန် ကာလမှာ လုပ်ငန်းခွင်ကို မဖြစ်မနေ ပြန်ဝင်ရမယ့်သူတွေအနေနဲ့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့်မို့လို့ အလုပ်သွားတဲ့အခါ သတိထား ဂရုစိုက်သင့်တဲ့ အချက်တွေကို ပြန်လည် မျှဝေပေးချင်ပါတယ်။
(၁) အလုပ်ထဲရောက်တာနဲ့ လက်ဆေးပါ
အလုပ်ထဲရောက်တာနဲ့ ပထမဆုံးလုပ်ရမှာက လက်ကို ဆပ်ပြာနဲ့ ရေ အသုံးပြုကာ စင်ကြယ်စွာ ဆေးကြောရမှာဖြစ်ပြီး လက်ကို သေချာဆေးကြောပြီးမှ မိမိအလုပ်စားပွဲဆီ သွားတာမျိုး ပြုလုပ်သင့်ပါတယ်။
(၂) အလုပ်စားပွဲပေါ်က အသုံးအဆောင်တွေကို ပိုးသတ်ပါ
အလုပ်စားပွဲပေါ်က နေ့တိုင်း ထိတွေ့ ကိုင်တွယ်နေရတဲ့ မိမိရဲ့ အသုံးအဆောင်ပစ္စည်းတွေကို အရက်ပြန်စိမ်ထားတဲ့ ဂွမ်း (ဒါမှမဟုတ်) အဝတ်စ အသန့်နဲ့ ပိုးသတ်ရမှာဖြစ်သလို အလုပ်စားပွဲကိုလည်း ပိုးသတ်သင့်ပါတယ်။
(၃) မကြာခဏ လက်နဲ့ ထိတွေ့ရတဲ့ အသုံးအဆောင်တွေကို ပိုးသတ်ပါ
လက်နဲ့ မကြာခဏ ဆိုသလို ထိတွေ့ကိုင်တွယ်ရတဲ့ ဖုန်း၊ ကွန်ပျူတာ၊ လက်ပ်တော့ စတာတွေကိုလည်း ပိုးသတ်ဖို့ မမေ့လျော့သင့်ပါဘူး။
(၄) မိမိ တကိုယ်ရည် အသုံးအဆောင်တွေကို သီးခြားထားပါ
တကိုယ်ရည် အသုံးအဆောင်တွေဖြစ်တဲ့ ရေခွက်၊ကော်ဖီခွက်၊ ရေဘူး စတာတွေကို ဒီအချိန်မှာ မျှဝေသုံးစွဲတာမျိုးကို ရှောင်ကြဉ်သင့်ပြီး မဖြစ်မနေ မျှဝေ သုံးစွဲရမယ်ဆိုရင်လည်း အသုံးမပြုခင် ဆပ်ပြာနဲ့စင်ကြယ်စွာ ဆေးကြောသင့်ပါတယ်။
(၅) လက် မကြာခဏ ဆေးပါ၊ မျက်နှာကို လက်နဲ့ မကြာခဏ ကိုင်တာမျိုးကို ရှောင်ကြဉ်ပါ
လက်သန့်ဆေးရည် သုံးပြီးတော့ပဲဖြစ်ဖြစ် ရေနဲ့ ဆပ်ပြာ သုံးတာမျိုးဖြစ်ဖြစ် လက်ကို မကြာခဏ ဆေးကြောသင့်ပြီး မျက်နှာကို လက်နဲ့ မကြာခဏ ထိတွေ့ကိုင်တွယ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
Ref. www.ohsonline.com
You may also like these stories:
COVID-19 ထိန်းချုပ်ဖို့ စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းခွင်တွေမှာ လိုက်နာရမယ့် အချက်များ
စက်ရုံအလုပ်ရုံလုပ်သား အချို့ကို ထောက်ပံ့ကြေးပေးရန် စီစဉ်နေ
အိမ်ကနေအလုပ်လုပ်သူတွေ ကြုံတွေ့ရမယ့် အထီးကျန်မှုကို တွန်းလှန်နိုင်တဲ့နည်းများ