ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှ လူတော်တော်များများဟာ မလိုအပ်ဘဲ အပြင်ထွက်တာမျိုးတွေ၊ လူစုလူဝေးရှိတဲ့နေရာတွေ မသွားတာမျိုးတွေကို ပြုလုပ်လာကြတာပါ။။
အိမ်မှာပဲ အနေကြာလာတာနဲ့အမျှ အစားအသောက်ကိုပဲ မကြာခဏစားမိသလို၊ သရေစာတွေ၊ အချိုရည်တွေကို လည်း ခဏတိုင်းသောက်မိသလိုတွေ ဖြစ်နေတာကြောင့် ကိုယ်အလေးချိန်မြင့်တက်လာတာမျိုးတွေကိုလည်း ကြုံတွေ့နေကြရတာပါ။ ကိုရိုနာကာလအပြီးမှာ ကိုယ်အလေးချိန် အများအပြား မြင့်တက်လာတာမျိုး မဖြစ်ရအောင် လိုက်နာရမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) ကျန်းမာရေးအတွက် သင့်တော်တာမျိုးတွေကို ရွေးချယ်စားပါ
ဗိုက်ဆာဆာ၊ မဆာဆာ တချိန်လုံးစားသောက်နေတာမျိုးထက် ကျန်းမာရေးနဲ့ သင့်တော်မယ့် အသီးအနှံတွေ၊ အသီးဖျော်ရည်လိုမျိုးတွေကို ပိုမိုရွေးချယ် စားသောက်သင့်ပါတယ်။
(၂) စားသောက်မှုပုံစံကို ဂရုစိုက်ပါ
သရေစာတွေ၊ ကယ်လိုရီများတဲ့ အစားအစာတွေ၊ အချိုကဲလွန်းတဲ့ အစားအစာတွေ မကြာခဏ စားတာမျိုးထက် လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အစေ့အဆန်တွေ၊ ငါးနဲ့အသားတွေတွေကို အဓိကအလေးထား စားသောက်သင့် ပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
အိမ်တွင်းအောင်းနေရတဲ့ ကာလမှာ အစားတွေတချိန်လုံးစားနေပြီး ကိုယ်လက်လှုပ်ရှားမှုမရှိရင် ကိုယ်အလေးချိန်မြင့်တက်လာဖို့ လွယ်ကူတာကြောင့် တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ပါတယ်။
(၄) ရေများများသောက်ပါ
ရေများများသောက်သုံးပေးတာဟာ ကိုယ်ခံအားစနစ်ကို မြင့်တက်စေနိုင်သလို ကိုယ်အလေးချိန် လျော့ကျစေဖို့ကိုလည်း ကူညီပေးပါတယ်။ ဒါကြောင့်မို့လို့ ရေများများသောက်သုံးဖို့ကိုလည်း ဂရုတစိုက် ပြုလုပ်ပေးသင့်ပါတယ်။
Ref. www.nm.org
You may also like these stories:
လေထုညစ်ညမ်းရာက ထွက်လာတဲ့ အမှုန်အမွှားတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်လား
COVID -19 ကာလ မုန့်ဖုတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်
COVID-19 ထိန်းချုပ်ဖို့ မျှော်လင့်ချက်ဖြစ်လာတဲ့ တရုတ်တိုင်းရင်းဆေးလုပ်ငန်းများ