COVID-19 ကူးစက်နိုင်တဲ့ နည်းလမ်းတွေက တနေ့တခြား ပိုပိုပြီးများလာပါတယ်။ သုတေသနပြု လုပ်လေလေ COVID-19 ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို ပိုပိုတွေ့ရှိလာလေပါပဲ။
COVID-19 နဲ့ ပတ်သက်တဲ့ နောက်ထပ် ရောဂါလက္ခဏာသစ်တွေကိုလည်း အမေရိကန်နိုင်ငံက တွေ့ရှိထားပါတယ်။ အဲဒီရောဂါ လက္ခဏာသစ်တွေကတော့ ခိုက်ခိုက်တုန်အောင် ချမ်းတာ၊ ကိုယ်တွေ လက်တွေ တုန်လာတာမျိုးတွေလို့ ဆိုပါတယ်။
သိပ္ပံနည်းကျ လေ့လာမှုတခုအရ COVID-19 ရောဂါပိုး လူနာရဲ့ နှာခေါင်းမှာ မတွေ့တော့တဲ့ နောက်ပိုင်းမှာ ရောဂါပိုးဟာ မျက်လုံးမှာ ရှိနေနိုင်တယ်လို့ သိရပါတယ်။ အခု အစီရင်ခံစာကိုတော့ အီတလီနိုင်ငံမှာပထမဆုံးတွေ့ခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် COVID-19 ဝေဒနာရှင်ဆီက တွေ့ရတဲ့ အချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
သူမဟာ ဇန်နဝါရီ ၂၃ ရက်နေ့က ကပ်ရောဂါ အကြီးအကျယ်ဖြစ်နေတဲ့ ဝူဟန်မြို့ကနေ အီတလီနိုင်ငံ ကို ရောက်ရှိလာခဲ့ပါတယ်။ အီတလီနိုင်ငံကိုရောက်ရှိပြီး ၆ ရက်အကြာမှာတော့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ မျက်လုံးတွေက ပန်းရောင်ပြောင်းလာခြင်းနဲ့အတူ မျက်ခွံနဲ့ မျက်လုံး ပတ်ပတ် လည်ကအမြှေးပါးတွေ ရောင်လာခဲ့တယ်လို့ သုတေသနပြုလုပ်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မျက်လုံးကနေတဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်းကိုလည်း ပြည်တွင်းဆေးပညာမှာ ဧပြီ ၁၇ ရက်နေ့က ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ရောဂါစစ်ဆေးဖို့အတွက် အရည်စုပ်ဂွမ်းလုံးနဲ့ သူမ မျက်လုံးက အရည် နမူနာယူပြီး ဓာတ်ခွဲစစ်ဆေး ကြည့်တဲ့ အခါမှာတော့ ဆရာဝန်တွေဟာ သူမမျက်လုံးထဲ COVID-19 ရောဂါပိုးရှိနေကြောင်း သဲလွန်စ တွေ့ရှိခဲ့ပါတယ်။
အစီရင်ခံစာထဲမှာလည်း ရက်များစွာ ကြာတဲ့အခါမှာတော့ သူမရဲ့ မျက်လုံးတွင်းမှာရှိနေတဲ့ ပန်းရောင်က ပျောက်ကွယ်သွားခဲ့ပြီး သူမနှာခေါင်းတွင်းမှာ ရောဂါပိုး မတွေ့ရပေမယ့် ဒီနေ့အချိန်အထိ သူမမျက်လုံးမှာ ရောဂါပိုးရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ဟာ အဲဒီအမျိုးသမီးရဲ့ မျက်လုံးအတွင်း သူ့ဟာသူ ပုံတူပွားပြီး အရေအတွက်များအောင် လုပ်နိုင်ခဲ့တာကိုလည်း ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ ဒီအချက်က ဘာကို ဖော်ပြနေသလဲဆိုတော့ COVID-19 ရဲ့ ကူးစက်နိုင်မှုအခြေအနေက အမြင့်ဆုံးအဆင့်မှာ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။
COVID-19 ကိုကာကွယ်နိုင်ဖို့ဆို Mask တပ်ရုံ၊ လက်ဆေးရုံနဲ့ မလုံလောက်ပါဘူး။ နှာခေါင်းကိုင်တာ၊ ပါးစပ်ကိုင်တာနဲ့ မျက်လုံးကို ထိမိတာမျိုးကိုလည်း ရှောင်ကြဉ်ရမယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
Ref: saudigazette
You may also like these stories: