ကမ္ဘာတဝှမ်းမှာ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူ ဦးရေ ၃ သန်းကျော်လာပြီဖြစ်ပြီး သေဆုံးသူ ၂၁၀,၀၀၀ ကျေ ာ်ရှိခဲ့ပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ ဧပြီ ၂၇ ရက် ညပိုင်း ကိန်ဂဏန်းတွေအရ သိရှိရပါတယ်။
ဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုတွေထဲမှာ အမေရိကန်နိုင်ငံက အများဆုံးဖြစ်ပြီး ဧပြီ ၂၇ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၉၈၃,၈၄၈ ဦးအထိ ရှိကာ တကမ္ဘာလုံး ကူးစက်မှုရဲ့ ၃ ပုံ ၁ ပုံလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် လက်ရှိအချိန်အထိ ၅၅,၀၀၀ ကျော်အထိရှိခဲ့ပြီး ဒါဟာ ကမ္ဘာတဝှမ်း သေဆုံးမှု အားလုံးရဲ့ ၄ ပုံ ၁ ပုံကျော် ဖြစ်ပါတယ်။
စတင်ကူးစက်မှုဖြစ်ပြီး ၄ လ မပြည့်မီ အချိန်ကာလအတွင်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ နှစ်စဉ် ကမ္ဘာတဝှမ်းမှာ ရာသီတုပ်ကွေးကြောင့် အပြင်းအထန် နာမကျန်းဖြစ်သူ ၃ သန်းမှ ၅ သန်းအထိနဲ့ နှိုင်းယှဉ်နိုင်တဲ့ အရေအတွက်အထိ ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ပါတယ်။
COVID-19 ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များတွင်း တရက်လျှင် ပျမ်းမျှ ၈၂,၀၀၀ တိုးလာခဲ့ကြောင်း သိရပါတယ်။ အရှေ့တောင်အာရှမှာတော့ ဧပြီ ၂၇ ရက် ညပိုင်းအထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀,၇၆၆ ဦး၊ သေဆုံးသူ ၁,၄၄၇ ဦးနဲ့ ပြန်လည်သက်သာသူ ၁၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဧပြီ ၂၇ ရက် ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၄၆ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ပြန်လည် သက်သာသူ ၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တရားဝင် စာရင်းတွေအရ သိရှိရပါတယ်။
Ref. Johns Hopkins Univesity COVID-19 Dashboard, Reuters
You may also like these stories:
COVID-19 ဟာ မျက်လုံးမှာလည်း အချိန်ကြာမြင့်စွာနေနိုင်ကြောင်း လေ့လာတွေ့ရှိ
နယူးယောက်ပြည်နယ်က ဆေးဆိုင်များမှာ COVID-19 စစ်ဆေးခွင့်ပြု
ထိုင်းတွင် COVID-19 ဖြစ်ပွားသူ ၁၅၂၄ ဦး ရှိလာ