အမျိုးသမီးနဲ့ အမျိုးသားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုရင်တောင် အမျိုးသမီးတွေဟာ ပြန်လည် သက်သာနိုင်ဖို့ အခွင့်အရေး ပိုမိုများပြားနေတာပါ။
ရောဂါရဲ့ ဖိစီးမှုကို ခံစားရခြင်းကလည်း အမျိုးသားတွေထက် နည်းပါးကြောင်း သုသေသနတွေက အတိအလင်း မဖော်ပြရသေးပေမယ့် ထူးခြားတဲ့ ကွဲပြားမှုတွေ ရှိနေတယ်ဆိုတာတော့ လော့အိန်ဂျလိစ်မှာ တာဝန်ထမ်းဆောင်နေတဲ့ Dr.Sara Ghandehari က ဆိုပါတယ်။
ရှားပါးပြီး ထူးဆန်းတဲ့ ခြွင်းချက်တွေအဖြစ် ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကိုယ်ခံအား အခြေအနေဟာ ကောင်းမွန်တဲ့ အနေအထားမှာရှိ နေတတ်တဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကို ခုခံထားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထင်မြင်ယူဆနေကြတာ ဖြစ်ပါတယ်။
တိကျသေချာတဲ့ စစ်တမ်းတခု အတည်မပြုနိုင်သေးပေမယ့် သီအိုရီတွေအရတော့ ဟော်မုန်းအပြောင်းအလဲကြောင့် အခုလို ကိုယ်ခံအားမျိုး ရှိနေရခြင်းဖြစ်ကြောင်း ယုံကြည်နေကြပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ Estrogen နဲ့ Progesterone ဟော်မုန်းတွေဟာ မြင့်တတ်နေတတ်ပြီး သာမန် အမျိုးသမီးတယောက်အနေနဲ့ဆိုရင်လည်း အဲဒီဟော်မုန်းတွေဟာ အမျိုးသားတွေထက် ပိုမို များပြားနေတတ်တာပါ။ ဒါကြောင့်ပဲ Estrogen, Progesterone ဟော်မုန်းတွေကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အမျိုးသားတွေကို ကုသပေးနိုင်မလားဆိုတာကို လေ့လာနေကြတာဖြစ်ပါတယ်။
နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ဆရာဝန်တွေဟာ Estrogen, Progesterone ဟော်မုန်းသီအိုရီကို လေ့လာစမ်းသပ်နေကြပြီး ရောဂါကူးစက်ခံရသူတွေရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ လေ့လာဆဲ သုတေသနတခုလည်း ဖြစ်ပါတယ်။
တဖက်မှာတော့ နောက်ထပ် ကျွမ်းကျင်ပညာရှင်တွေက အမျိုးသား၊ အမျိုးသမီး ကွဲပြားမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေဟာ ရောဂါကို ကုသပေးဖို့ မလုံလောက်သေးကြောင်း ၊ အသက်အရွယ် ကြီးရင့်တဲ့ အမျိုးသမီးတွေမှာ အဲဒီ ဟော်မုန်းတွေ နည်းပါးကြောင်း ထောက်ပြ ဆွေးနွေးခဲ့ကြတာပါ။
အကယ်၍ သုတေသန လေ့လာမှုတွေသာ အောင်မြင်ခဲ့မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကုသပေးနိုင်မယ့် ပထမဆုံး COVID-19 ကုသဆေး ထုတ်လုပ်နိုင်ဖို့ မျှော်လင့်နိုင်ပြီပဲ ဖြစ်ပါတယ်။
Ref. www.thecut.com
You may also like these stories:
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ
ထိုင်းတွင် Lockdown အချိန် ထပ်တိုးမည်
COVID-19 ဟာ မျက်လုံးမှာလည်း အချိန်ကြာမြင့်စွာနေနိုင်ကြောင်း လေ့လာတွေ့ရှိ