အခုလို COVID-19 ကာလမှာ လူတော်တော်များများဟာ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေအပြင် Quarantine လုပ်ရင်း နေထိုင်နေရတာ ဖြစ်တဲ့အတွက် သာမန် အချိန်တွေထက် အိပ်စက်ဖို့ ခက်ခဲနေကြပါတယ်။
အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် အိပ်မောကျစေမယ့် သဘာဝ သတ္တုဒြပ်စင် တမျိုးအကြောင်းပဲ ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဒြပ်စင်တမျိုးဖြစ်ပြီး ချွေးထွက်များတဲ့ အချိန်တွေနဲ့ စိတ်ဖိစီးမှုတွေ များပြားတဲ့အချိန်တွေမှာ ဆုံးရှုံးလေ့ ရှိပါတယ်။
မဂ္ဂနီဆီယမ်ကို အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် အဓိကကူညီပေးနိုင်မယ့် သတ္တုဒြပ်စင်အဖြစ် သိပ္ပံပညာရှင်တွေက လက်ခံထားကြပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေကို ထောက်ပံ့ပေးနိုင်တာကြောင့် ကြွက်သားတွေကို သက်သောင့်သက်သာ ရှိစေပါတယ်။
ကြွက်သားများ ပြေလျော့နေခြင်းဟာ အိပ်စက်ခြင်းကို အကောင်းဆုံး အထောက်ကူပြုနိုင်တဲ့အပြင် ဦးနှောက်အတွက် လိုအပ်တဲ့ Serotonin နဲ့ Dopamine အခြေအနေကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ ဦးနှောက်ထဲမှာ ရှိတဲ့ အာရုံကြောတွေကို အိပ်စက်ခြင်းအတွက် အလျင်အမြန် ကူညီပေးနိုင်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တဲ့ အစွမ်းအာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။
မဂ္ဂနီဆီယမ် သောက်သုံးဖို့အတွက် အသင့်တော်ဆုံး ဆေးဝါးကတော့ Magnesium+ ပဲဖြစ်ပြီး ရိုးရှင်းတဲ့ ဖွဲ့စည်းပုံနဲ့ ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် အစာအိမ် ထိခိုက်မှာ စိုးရိမ်စရာ မရှိတဲ့အပြင် အိပ်ရာနိုးတဲ့အခါမှာလည်း ကြည်ကြည်လင်လင် ဖြစ်စေတာကြောင့် အိပ်စက်ဖို့ ခက်ခဲနေသူတွေအတွက် Dr. Heather Moday က ပြန်လည် မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။
Ref. mindbodygreen