အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ခံရသူ ၅၄,၀၀၀ ကျော်ရှိလာပြီး သေဆုံးသူဦးရေ ၁၈၀၀ ကျော်လွန်လာခဲ့ ပြီဖြစ်ကြောင်း မေလ ၇ ရက်နေ့ ညပိုင်း တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
အရှေ့တောင်အာရှဒေသမှာ COVID-19 ကူးစက်မှုတွေဟာ နေ့စဉ် တိုးလာလျက်ရှိပြီး လက်ရှိမှာတော့ စင်ကာပူက ကူးစက်မှုအများဆုံး တွေ့ရှိထားတဲ့ နိုင်ငံ ဖြစ်နေပါတယ်။ စင်ကာပူနိုင်ငံမှာ ကူးစက်ခံရသူ ၂၀,၀၀၀ ကျော်ရှိပြီး ကူးစက်ခံရမှု အများစုဟာ နိုင်ငံခြားသား အလုပ်သမားများနေထိုင်ရာ အဆောင်တွေမှာ ဖြစ်တယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးမှု အများဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံမှာ မေလ ၇ ရက်နေ့ ညပိုင်းအထိ သေဆုံးသူ ၁,၀၀၀ နီးပါးအထိ မြင့်တက်လာပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ စင်ကာပူနိုင်ငံပြီးနောက် ဒုတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ နောက်မှာတော့ အရှေ့တောင်အာရှဒေသတွင်း COVID-19 ကြောင့် သေဆုံးမှုအများဆုံးဟာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ လူ ၇၀၀ နီးပါး သေဆုံးခဲ့ပြီး ကူးစက်မှုအရေအတွက် ထောင်ဂဏန်းပမာဏရှိတဲ့ အခြား အရှေ့တောင်အာရှိ နိုင်ငံတွေကတော့ မလေးရှားနိုင်ငံမှာ ၆,၄၇၆ ဦးနဲ့ ထိုင်းနိုင်ငံမှာ ၂,၉၉၂ ဦး ဖြစ်ပါတယ်။
မေလ ၇ ရက်နေ့ ညပိုင်းအထိ အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်သေဆုံးမှု အခြေအနေများကတော့ အောက်ပါအတိုင်းပါ။
၁။စင်ကာပူ – (ကူးစက် – ၂၀၉၃၉၊ သေဆုံး – ၂၀၊ ပြန်လည်သက်သာ – ၁၆၃၄)
၂။အင်ဒိုနီးရှား – (ကူးစက် – ၁၂၇၇၆၊ သေဆုံး – ၉၃၀၊ ပြန်လည်သက်သာ – ၂၃၈၁)
၃။ဖိလစ်ပိုင် – (ကူးစက် – ၁၀၃၄၃၊ သေဆုံး – ၆၈၅၊ ပြန်လည်သက်သာ – ၁၆၁၈)
၄။မလေးရှား – (ကူးစက် – ၆၄၇၆၊ သေဆုံး – ၁၀၇၊ ပြန်လည်သက်သာ – ၄၇၇၆)
၅။ထိုင်း – (ကူးစက် – ၂၉၉၂၊ သေဆုံး – ၅၅၊ ပြန်လည်သက်သာ – ၂၇၇၂)
၆။ ဗီယက်နမ် – (ကူးစက် – ၂၈၈၊ သေဆုံး – ဝ၊ ပြန်လည်သက်သာ – ၂၃၃)
၇။ မြန်မာ – ကူးစက် – ၁၇၆၊ သေဆုံး – ၆၊ ပြန်လည်သက်သာ – ၆၂)
၈။ဘရူနိုင်း – (ကူးစက် – ၁၄၁၊ သေဆုံး – ၁၊ ပြန်လည်သက်သာ – ၁၃၁)
၉။ ကမ္ဘောဒီးယား – (ကူးစက် – ၁၂၂၊ သေဆုံး – မရှိ၊ ပြန်လည်သက်သာ – ၁၂၀)
၁၀။ လာအို – (ကူးစက် – ၁၉၊ သေဆုံး – ဝ၊ ပြန်လည်သက်သာ – ၉)
၁၁။အရှေ့တီမော – (ကူးစက် – ၂၄၊ သေဆုံး – ဝ၊ ပြန်လည်သက်သာ – ၂၀)
စုစုပေါင်း အရေအတွက် – (ကူးစက် – ၅၄၂၉၆၊ သေဆုံး – ၁၈၀၄၊ ပြန်လည်သက်သာ – ၁၃၇၅၆) တို့ ဖြစ်ပါတယ်။
Ref. aecnewstoday
You may also like these stories:
COVID-19 လူနာတွေကို Remdesivir ဆေးနဲ့ ကုသခွင့် ဂျပန်အစိုးရ ခွင့်ပြု
ကိုဗစ်ကူးစက်သူ အမျိုးသားများရဲ့ သုက်အတွင်း ရောဂါပိုးတွေ့ရှိကြောင်း တရုတ်ပြော
COVID-19 ကြောင့် ဥရောပမှာ လူသေဆုံးမှု အများဆုံးဖြစ်လာတဲ့ ဗြိတိန်နိုင်ငံ