တိုကျိုမြို့က အသင့်ပြင်ဆင်ထားတဲ့ ဆေးရုံကုတင်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ COVID-19 လူနာများနဲ့ ပြည့်နေပြီလို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၀ ရက်နေ့ က ထုတ်ပြန်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားမှုအရ ဂျပန်မှာ COVID-19 နောက်ထပ် ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ထင်ရှားစေခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးဌာနရဲ့ အဆိုအရ ဧပြီလ ၂၈ ရက်နေ့အထိ တိုကျိုမြို့မှာ ဆေးရုံတက်ရတဲ့ COVID-19 လူနာ ၁,၈၃၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုကျိုမှာ COVID-19 လူနာတွေကို ဆေးရုံမှာ ကုသပေးနိုင်ဖို့ ကုတင် ၂၀၀၀ ပြင်ဆင်ထားခဲ့ရာ လက်ရှိအချိန်ထိ ကုတင်အရေအတွက် ၉၁ ဒဿမ ၆ ရာခိုင်နှုန်းက ပြည့်နေခဲ့ပြီ ဖြစ်ပါတယ်။ တိုကျိုမြို့တော်အာဏာပိုင်အဖွဲ့ကတော့ COVID-19 လူနာ ၄၀၀၀ အတွက် ကုတင်များ တိုးမြှင့်ပြင်ဆင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
“ဗိုင်းရပ်စ်က နောက်ထပ် ကူးစက်ပျံ့နှံ့နိုင်ခြေ ရှိပါတယ်။ လက်ရှိ ကုတင် ၂၀၀၀ ကနေ ရည်ရွယ်ထားတဲ့ ကုတင်အရေအတွက်ကို အမြန်ဆုံး တိုးမြှင့်ပြင်ဆင်ဖို့ မဖြစ်နေ လိုအပ်ပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက Reuters သတင်းဌာနကို ပြောပါတယ်။
လက်ရှိအချိန်အထိ တိုကျိုမြို့မှာ COVID-19 ကူးစက်ခံရသူ ၅၀၀၀ စစ်ဆေးအတည်ပြုထားပြီး အဲဒီ အရေအတွက်ဟာ ဂျပန်တနိုင်ငံလုံးမှာ ကူးစက်မှု ၁၆၀၀၀ ဝန်းကျင်ရဲ့ သုံးပုံတပုံ နီးပါးလည်း ဖြစ်နေခဲ့ကြောင်း NHK သတင်းက ဖော်ပြပါတယ်။
Ref. Reuters
You may also like these stories:
အိမ်ဖြူတော် ဝန်ထမ်းတွေမှာပါ COVID-19 ကူးစက်ခံရ
တရုတ်နဲ့တောင်ကိုရီးယားခရီးသွားများ တင်းကျပ်တဲ့ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခံနေရ
အမေရိကန်မှာ COVID-19 ကူးစက်မှု မရှိသေးတဲ့ တခုတည်းသော နေရာ