Health

ဗီတာမင်ဒီ ချို့တဲ့မှုနဲ့ ကိုဗစ်ကြောင့် သေဆုံးမှု ဆက်စပ်နေ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံရှိ Northwestern University (NU) က ဦးဆောင်တဲ့ သုတေသနအဖွဲ့တဖွဲရဲ့ လေ့လာဆန်းစစ်မှုအရ ဗီတာမင် ဒီ (Vitamn D) အလွန်အမင်း ချို့တဲ့မှုနဲ့ COVID-19 ကြောင့် သေဆုံးမှုနှုန်းကြား အခိုင်အမာ ဆက်နွယ်မှု ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဗီတာမင်ဒီ အလွန်အမင်း ချို့တဲ့နေတဲ့ COVID-19 လူနာတွေဟာ သေဆုံးမှုအပါအဝင် ပြင်းထန်တဲ့ ထပ်တိုးရောဂါများ ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိခဲ့ရတယ်လို့ NU ဝက်ဘ်ဆိုက်မှာ မေ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

အဲဒီအဖွဲ့က တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အီရန်၊ တောင်ကိုရီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်ရှိ ဆေးရုံ၊ ဆေးခန်းများမှ ကိန်းဂဏန်းအချက်အလက်တွေကိုလည်း လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

အဲဒီလို လေ့လာခဲ့ကြရာမှာ ဗီတာမင်ဒီ ပမာဏနဲ့ Cytokine Storm လို့ ခေါ် တဲ့ ကိုယ်ခံအားစနစ်က လွန်လွန်ကဲကဲ တုံ့ပြန်မှုကြောင့် ခန္ဓာကိုယ်တွင်းအင်္ဂါများ အလွန်အမင်း ရောင်ရမ်းမှုတို့ကြား အခိုင်အမာ ဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီတွေ့ရှိမှုနဲ့အတူ ဗီတာမင် ဒီနဲ့ COVID-19 ကြောင့် သေဆုံးမှုကြားမှာလည်း ဆက်နွယ်မှုတွေ့ခဲ့ရပါတယ်။

“Cytokine Storm က အဆုတ်တွေကို ဆိုးဆိုးရွားရွာ ပျက်စီးစေရာကနေ ပြင်းထန်တဲ့ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်”လို့ သုတေသနကို ပထမဆုံး စတင်ခဲ့သူနဲ့ NU မှ သုတေသီ Ali Daneshkhah က ပြောပါတယ်။

“ဒီဟာက COVID-19 လူနာအများစုကို သေဆုံးစေတယ်လို့ ယူဆရပါတယ်။ ဗိုင်းရပ်စ်က သူ့ဟာသူ အဆုတ်ကို ဖျက်ဆီးပစ်တာ မဟုတ်ဘူးပေါ့။ ကိုယ်ခံအားစနစ် တုံ့ပြန်မှု လွဲချော်ရာကနေ ဖြစ်ပေါ်လာတဲ့ ထပ်တိုးရောဂါဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

ဗီတာမင်ဒီဟာ လူတွေရဲ့ ကိုယ်ခံအားစနစ်ကို တိုးမြှင့်စေရုံသာမက အန္တရာယ်ရှိတဲ့အထိ ကိုယ်ခံအားစနစ် တုံ့ပြန်လုပ်ဆောင်မှုကိုလည်း တားဆီးနိုင်ကြောင်း သိရပါတယ်။ ဒီအချက်အလက်အရ ဗီတာမင်ဒီ လုံလောက်တဲ့ ပမာဏရှိနေခြင်းက လူနာတွေကို COVID-19 ကြောင့် သေဆုံးမှုအပါအဝင် ပြင်းထန်တဲ့ ထပ်တိုးရောဂါတွေကနေ ကာကွယ်နိုင်တာဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ လေ့လာဆန်းစစ်မှုအရ ဗီတာမင်ဒီ လုံလောက်တဲ့ ပမာဏရှိခြင်းက သေဆုံးမှုနှုန်းကို အမြင့်ဆုံး ထက်ဝက်အထိ လျှော့ချနိုင်ဖွယ်ရှိပါတယ်။ ဗီတာမင်ဒီက လူနာတဦးကို ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ထပ်တိုးရောဂါတွေဖြစ်မှုကို လျှော့ချနိုင်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ မသေဆုံးအောင် တားဆီးပေးနိုင်ပါတယ် ” လို့ NU မှ ပါမောက္ခ Vadim Backman က ပြောပါတယ်။

ပါမောက္ခ Vadim Backman က NU ရဲ့ McCormick School of Engineering မှာ ဇီဝဆေးပညာ အင်ဂျင်နီယာဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်ကြောင်းလည်း CGTN သတင်းမှာ ဖော်ပြထားပါတယ်။

Ref. Reuters

You may also like these stories:

စပိန်က အသက်အကြီးဆုံး အဘွားအို COVID-19 ရောဂါ ပြန်သက်သာ

တရုတ်မှာ COVID-19 လူနာအသစ်များ ထပ်မံတွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading