Health

၂နာရီအတွင်း COVID-19 စစ်ဆေးပေးနိုင်တဲ့ တန်ဖိုးနည်းစက်ပစ္စည်း

Want create site? Find Free WordPress Themes and plugins.

အာဂျင်တီးနားနိုင်ငံက သိပ္ပံပညာရှင်တွေက တန်ဖိုးနည်းပြီး ကိုရိုနာဗိုင်းရပ်စ်ကို နာရီပိုင်းအတွင်း စစ်ဆေးနိုင်တဲ့ ပစ္စည်းတမျိုး ထုတ်လုပ်နေ‌တယ်လို့ သိရပါတယ်။ အာဂျင်တီးနား သိပ္ပံပညာရှင်တွေရဲ့ အဲဒီ ဗိုင်းရပ်စ်စစ်ပစ္စည်းကို အခြားနိုင်ငံတွေကလည်း စိတ်ဝင်စားမှုရှိနေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ဗိုင်းရပ်စ်စစ်ဆေးတဲ့ ပစ္စည်းအသစ်ကို “NEOKIT-COVID-19” လို့ အမည်ပေးထားပြီး ဗိုင်းရပ်စ်ရှိ၊ မရှိ အချိန်၂နာရီ အတွင်း သိရှိနိုင်တယ်လို့ တီထွင်ထုတ်လုပ်သူတွေက ဆိုပါတယ်။

“ရိုးရှင်းတယ်။ ဈေးသက်သာပြီး အသင့်သုံးနိုင်တဲ့ နည်းပညာဖြစ်ပါတယ် ” လို့ Pablo Cassara Foundation မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Santiago Werbajh က သတင်းထောက်များကို ပြောပါတယ်။

“ဈေးနည်းပါတယ်။ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ (မြန်မာကျပ်ငွေ ၁၁၀၀၀ ကျော်) လောက်ပဲ ကျသင့်မှာပါ။ စစ်ဆေးချိန် မကြာဘဲ ကိုင်တွယ်အသုံးပြုရတာက ရိုးရှင်းပါတယ်။ ဒါကြောင့် ပြင်ပလူနာ အများကြီးကို စစ်ဆေးနိုင်ပါတယ်။ လက်ရှိ ဗိုင်းရပ်စ်စစ်ပစ္စည်းတွေထက် ပိုများများ အသုံးပြုနိုင်ပါတယ် ” Santiago Werbajh က ဆိုပါတယ်။

“အိမ်နီးချင်း နိုင်ငံတွေကိုသာမက အခြားနိုင်ငံတွေကိုလည်း တင်ပို့ပေးချင်ပါတယ်။ အခုလည်း ဒီဗိုင်းရပ်စ်စစ်ဆေး ပစ္စည်းကို အသုံးပြုဖို့ စိတ်ဝင်စားတဲ့ နိုင်ငံတွေရဲ့ သံရုံးတွေနဲ့ အဆက်အသွယ် ရှိထားပါတယ် ” လို့ အာဂျင်တီးနား သိပ္ပံ၊ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန ဝန်ကြီး Roberto Salvarezza က ပြောပါတယ်။

အာဂျင်တီးနားမှာ COVID-19 ထိန်းချုပ်ရေးအတွက် လူဦးရေ အလွန်ထူထပ်တဲ့ နေရာတွေကို မတ်လ ၂၀ ရက်နေ့မှ စပြီး Lockdown လုပ်ထားကြောင်းလည်း သိရပါတယ်။ အာဂျင်တီးနားမှာ မေလ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ COVID-19 အတည်ပြုလူနာ ၈၈၀၉ ဦးနဲ့ သေဆုံးသူ ၃၉၃ ဦးရှိခဲ့ပါတယ်။ လူဦးရေ ၄၅ သန်းကျော်ရှိတဲ့ အာဂျင်တီးနားမှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်စစ်ဆေးမှု ၁၀၈၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Ref;Reuters

You may also like these stories:

ကိုဗစ်ကာလ အပြင်ထွက်တဲ့ K-pop စတား ၄ ဦးရဲ့ အဖြေ Negative ထွက်

ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း

Did you find apk for android? You can find new Free Android Games and apps.
Loading