Health

ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေးကို လာမယ့်နှစ် အဆင်သင့်ဖြစ်ဖို့ မျှော်လင့်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ကြွက်တွေမှာ စမ်းသပ်မှု အောင်မြင်ခဲ့ပြီး နောက်လာမယ့်နှစ်အတွင်း အသုံးပြုရန် အသင့်ဖြစ်မယ်လို့ မျှော်လင့်နေကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိတဦးက မေလ ၂၀ ရက်နေ့မှာ ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာ COVID-19 ရောဂါအတွက် ကာကွယ်ဆေးအမျိုးပေါင်း ၁၀၀ ကျော် ထုတ်လုပ်နေပြီး လူတွေမှာ စမ်းသပ်မှုအချို့လည်း လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကာကွယ်ဆေးတမျိုး အတည်ပြု ထုတ်လုပ်ရန် အနည်းဆုံး ၁၂ လ ကြာမြင့်လိမ့်မယ်လို့ ဧပြီလအတွင်းက တရားဝင် ပြောဆိုထားပါတယ်။

ထိုင်းမှာထုတ်လုပ်နေတဲ့ Messenger RNA ကာကွယ်ဆေးကို ကြွက်မှာ စမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက်လာမယ့် ရက်သတ္တပတ်တွေအတွင်း မျောက်တွေမှာ စမ်းသပ်သွားမယ်လို့ အစိုးရရဲ့ Centre for COVID-19 Situation Administration မှ ပြောခွင့်ရပုဂ္ဂိုလ် Taweesin Wisanuyothin က ဆိုပါတယ်။

“ကာကွယ်ဆေးကို လာမယ့်နှစ်မှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ရပါတယ်”လို့ သူက ပြောပါတယ်။

ထိုင်းဟာ တရုတ်နိုင်ငံ ပြင်ပမှာ COVID-19 ကူးစက်မှု တွေ့ရှိခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်ခဲ့ပြီး အသုံးပြုရန် အဆင့်သင့်ဖြစ်တဲ့ ကာကွယ်ဆေးတမျိုးကိုလည်း ပထမဆုံး တွေ့ရှိတဲ့ နိုင်ငံဖြစ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကာကွယ်ဆေးကို National Vaccine Institute, Department of Medical Science နဲ့ Chulalongkorn တက္ကသိုလ်ရဲ့ ကာကွယ်ဆေးသုတေသနဌာနတို့က ထုတ်လုပ်နေခဲ့ကြတာ ဖြစ်ပြီး Messenger RNA က ခန္ဓာကိုယ်ဆဲလ်တွေကို Antigen များ ထုတ်လုပ်စေရန် လှုံ့ဆော်ပေးတယ်လို့ သိရပါတယ်။

အဲဒီ Antigen က ကိုယ်ခံအားစနစ် တုံ့ပြန်လုပ်ဆောင်မှုကို နှိုးဆွဖြစ်ပေါ်စေနိုင်တာကြောင့်ကာကွယ်ဆေးအဖြစ် ထုတ်လုပ်ရန် ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မေလ ၁၂ ရက်နေ့ မနက်ပိုင်းအထိ စာရင်းတွေအရ ထိုင်းမှာ COVID-19 အတည်ပြုလူနာ ၃,၀၃၄ ဦး၊ သေဆုံးသူ ၅၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂,၈၈၈ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Ref. Reuters, Bangkok Post

Did you find apk for android? You can find new Free Android Games and apps.
Loading