၂၀၂၀ လူဦးရေစာရင်းအရ အိန္ဒိယနိုင်ငံမှာ လူပေါင်း ၁ ဒဿမ ၃၈၀ ဘီလီယံ ရှိပါတယ်။ တရုတ်နိုင်ငံ ပြီးရင် အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
အိန္ဒိယမှာ COVID-19 စတင် ပြန့်ပွားလာပြီးနောက်မှာတော့ အစိုးရအနေနဲ့ နိုင်ငံတဝှမ်း Lockdown ချတာမျိုး ဆောင်ရွက်ခဲ့ပေမယ့်လည်း ကူးစက်မှု ပမာဏကို မလျှော့ချနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံနေရသူ ၁၁၈,၅၀၁ ယောက် ရှိနေပြီး သေဆုံးသူ ၃,၅၈၅ ယောက်အထိ ရှိသွားခဲ့ပါပြီ။
အိန္ဒိယမှာ ပထမဆုံးရောဂါ ကူးစက်ခံရသူကို ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီ ၃၀ ရက်နေ့မှာ စတင် တွေ့ရှိခဲ့ပါတယ်။ နေ့စဉ် ကူးစက်သူ အရေအတွက် မြင့်တက်နေပြီး မေလ ၂၀ ရက်နေ့က တရက်တည်း ကူးစက်ခံရသူ အရေအတွက်က ၅၆၁၁ ယောက် ရှိခဲ့တဲ့အတွက် စံချိန်တင်သွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ရောဂါ ကူးစက်ခံနေရသူ တဝက်လောက်က မွမ်ဘိုင်း၊ ဒေလီ၊ အမီဒါဘတ်၊ ချန်နိုင်းနဲ့ ပူနီမြို့မှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ မေလ ၂၀ ရက်နေ့ မှာ ဒေလီတမြို့တည်း ကူးစက်ခံရသူ အရေအတွက်က ၅၃၄ ယောက် ရှိခဲ့ပြီး နိုင်ငံတဝှမ်းသေဆုံးမှုက မေလ ၂၀ ရက်မှာ ၁၃၂ ယောက်အထိ ရှိခဲ့ပါတယ်။
လူဦးရေ ၁၁၄ သန်းကျော် နေထိုင်တဲ့ Maharashtra ပြည်နယ်မှာ မေလ ၂၀ ရက်နေ့က ကူးစက်ခံရသူ ၂၀၀၀ ကျော် ရှိခဲ့ပြီး ၆၅ ယောက် သေဆုံးခဲ့ပါတယ်။ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်အရ Maharashtra ပြည်နယ်မှာ ရောဂါကူးစက်ခံနေရသူ ၆၃,၆၂၄ ယောက် ရှိတယ်လို့ သိရပါ တယ်။ ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ ကူးစက်ခံနေရသူ အရေအတွက်ရဲ့ ၄၀ ရာခိုင်နှုန်း ကျန်းမာရေး ပြန်ကောင်းလာခဲ့ပါတယ်။
Maharashtra ပြည်နယ်အပြင် တမီးလ်နာဒူးနဲ့ ဂူဂျာရတ် ပြည်နယ်တွေမှာလည်း ရောဂါကူးစက်မှုနှုန်းက ဆက်ပြီး မြင့်တက်နေတုန်းပါပဲ။ ဒေလီမြို့မှာ ရောဂါ ကူးစက်ခံနေရသူ ၁၁,၀၈၈ ယောက်ရှိနေပြီး တမီးလ်နာဒူးပြည်နယ်မှာ ၁၃၀၀၀ ယောက် ရှိနေတဲ့အတွက် Maharashtra ပြီးရင် ဒုတိယအများဆုံး ကူးစက်ခံနေရတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
ကမ္ဘာ့အတိုင်းအတာနဲ့ဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ ရောဂါကူးစက်မှုက နံပါတ် ၁၁ နေရာမှာ ရှိနေပါ တယ်။ လူဦးရေ ထူထပ်လွန်းတဲ့အပြင် ဆင်းရဲနွမ်းပါးသူတွေများတဲ့အတွက်ကြောင့်လည်း COVID-19 ကပ်ရောဂါဆိုးကြီးဟာ အိန္ဒိယနိုင်ငံအတွက် စိန်ခေါ်မှုတရပ် ဖြစ်လာပါတယ်။
Ref: livemint
You may also like these stories:
ဆိုင်ကလုန်းဝင်မယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူသန်းချီကို ရွှေ့ပြောင်းထား
ဗြိတိန် ဆေးရုံပြင်ပမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁ သောင်းကျော် ရှိလာ