• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

သွေးလွန်တုပ်ကွေးရောဂါကြောင့် လာအိုမှာ လူသေဆုံးမှုများဖြစ်ပွား

by ညီညီသူ
27 May 2020
in Health
A A
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတမျိုးပါ။

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတမျိုးပါ။

4.2k
VIEWS
Share on FacebookShare on Twitter

လာအိုနိုင်ငံအနေနဲ့ COVID-19 ကပ်ရောဂါဆိုးကြီးကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မေလ ၂၇ ရက်နေ့အထိ လာအိုနိုင်ငံမှာ ကူးစက်လူနာ ထပ်မံ မတွေ့ရှိတော့တာ ၄၄ ရက်ရှိခဲ့ပြီး ၂ လ နီးပါး ရှိပါတော့မယ်။ မြန်မာနိုင်ငံနဲ့ လာအိုမှာ ရောဂါကူးစက်ခံရချိန်က မတိမ်းမယိမ်းဆိုပေမယ့် လာအိုနိုင်ငံမှာ ၁၉ ယောက်သာ ရောဂါကူးစက်ခံခဲ့ရပြီး ထပ်မံမပြန့်ပွားအောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

COVID-19 ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရာသီပေါ်ရောဂါဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုတော့ လာအိုနိုင်ငံအနေနဲ့ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ကူးစက်တတ်တဲ့ အပူပိုင်းဒေသ ရောဂါတမျိုး ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကလည်း လူတွေကို သေဆုံးစေနိုင်တဲ့ ရောဂါတမျိုးပါပဲ။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
470
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
851
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်တဲ့အတွက် ခြင်ကိုက်မခံရအောင် နေဖို့ လိုပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ဖို့ ခြင်တွေ ခိုအောင်းနေတဲ့ နေရာတွေကို ရှင်းလင်းရေး ဆောင်ရွက် တာမျိုး ပြုလုပ်သင့်ပါတယ်။

မေလ ၂၆ ရက်နေ့မှာတော့ လာအိုနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ လူနာသစ် ၃၈ ယောက် ရှိခဲ့ပြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ လာအိုကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လာအိုနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရသူ အရေအတွက် မြင့်မားနေပြီး မြို့တော်ဖြစ်တဲ့ ဗီယင်ကျန်းမြို့မှာ ၃၄၅ ယောက် ရောဂါကူးစက်ခံထားရသလို ၂ ယောက် သေဆုံးခဲ့ပါတယ်။

Attapeu ပြည်နယ်အတွင်း ရောဂါကူးစက်ခံနေရသူ ၁၉၀ ယောက် ရှိပြီး ဗီယင်ကျန်းပြည်နယ်အတွင်းမှာတော့ ၁၈၆ ယောက် ထပ်မံ ကူးစက်ခံနေရပါတယ်။

မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ စာရင်းအရ လာအိုနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁,၃၃၇ ယောက် ရှိနေပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း လာအို ကျန်းမာရေးအာဏာပိုင်တွေက ခြင်တွေ မခိုအောင်းနိုင်အောင် ဆောင်ရွက်နေပါတယ်။

ရောဂါထပ်မံ မကူးစက်အောင် ပြည်သူတွေအနေနဲ့လည်း မိမိအိမ် ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်တွေကို သန့်ရှင်းရေး လုပ်ကြဖို့ အစိုးရက တိုက်တွန်းနေပါတယ်။ သေဆုံးသူ အရေအတွက် နောက်ထပ် တိုးမလာဖို့အတွက် ဆေးရုံ၊ ဆေးခန်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါကို ထိထိရောက်ရောက် ကုသပေးနေ တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း သွေးလွန်တုပ်ကွေးရောဂါဟာ ကူးစက်မြန်ရောဂါတမျိုး ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ စတဲ့ နိုင်ငံတွေဟာ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံး နိုင်ငံတွေပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံပေါင်း ၁၁၀ ကျော်ကို ကူးစက်ခဲ့တဲ့ သွေးလွန်တုပ်ကွေးရောဂါကြောင့် နှစ်စဉ် လူသန်းပေါင်း ၅၀ ကနေ ၁၀၀ အတွင်း ရောဂါကူးစက်ခံခဲ့ရပါတယ်။ ကပ်ရောဂါတမျိုးဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကလည်း ကမ္ဘာ့ပြဿနာတခုအဖြစ် ရှိနေဆဲပါပဲ။

Ref: thestar

You may also like these stories:

ကိုဗစ် ကာကွယ်ဆေး မပေါ်မချင်း ကျောင်းများပြန်မဖွင့်ဟု ဒူတာဒေး ပြော

Lockdown ကြောင့် ၃ လနီးပါး မိခင်နဲ့ ဝေးကွာခဲ့တဲ့ ကလေးငယ်

ဒေါ်နယ်ထရမ့် ညွှန်းတဲ့ ဆေးက COVID-19 လူနာတွေ သေဆုံးမှု မြင့်တက်စေ

Your Thoughts …
Tags: လာအိုလူသေဆုံးမှုသွေးလွန်တုပ်ကွေး
ညီညီသူ

ညီညီသူ

Similar Picks:

“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”

“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”

by ဧရာဝတီ
1 May 2025
8.2k

ပြင်းအား ၇ ဒသမ ၇ ရှိသည့် မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနေရာများ ဆိုးရွားစွာပျက်စီးခဲ့သလို လက်ရှိအချိန်ထိ အကူအညီများ လိုအပ်လျက်ရှိသည်။

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

by ဧရာဝတီ
16 May 2024
3.9k

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာနေသည့် လူကုန်ကူးမှုနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု၏ ဗဟိုချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

by ဧရာဝတီ
11 March 2024
3.5k

ကျိုင်းတုံ-မိုင်းလားလမ်းဟာ ၅၂ မိုင်သာ ရှည်ပြီး တရုတ်နိုင်ငံကနေ ရှမ်းပြည် အရှေ့ပိုင်းမြို့တော် ကျိုင်းတုံကိုဖြတ်ကာ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ အတိုဆုံးလမ်းကြောင်း ဖြစ်သလို ရှမ်းပြည်အရှေ့ပိုင်းဟာ တိုက်ပွဲတွေနဲ့ ယာယီ ကင်းလွတ် နယ်မြေလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

by Laetitia Van Den Assum နှင့် Kobsak Chutikul
29 January 2024
2.9k

"အာဆီယံက ဦးဆောင်နေတယ်" ဆိုသည့်စကားသည် တာဝန်မျှဝေ ထမ်းဆောင်ခြင်းကို ရှောင်ရှားသည့် နိုင်ငံများ မကြာခဏပြောသည့် စကားဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

by ဧရာဝတီ
27 January 2024
2.9k

"တကယ်တမ်းကျတော့ အာဆီယံက မြန်မာအပေါ် သြဇာအရမ်းနည်းတယ်။ မြန်မာက အာဆီယံကို လုံးဝ ဂရုမစိုက်ဘူး။ ဘုံသဘောတူညီချက် ၅ ချက်ကို သူတို့က လုံးဝ ဂရုမစိုက်ဘူး"

Next Post
ဧပြီလ ၉ ရက် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ဒါရာဝီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိ မရှိ စမ်းသပ်ရန် အာခေါင်တို့ဖတ် ထုတ်ယူနေစဉ် / Reuters

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေပြီး အလုပ်လက်မဲ့ သန်း ၁၂၀ အထိရှိ

မကာအိုမှာ ကာစီနိုအင်ပါယာ ထူထောင်ခဲ့သူ မစ္စတာ Stanley Ho

မကာအိုကို လောင်းကစားမြို့တော် ဖြစ်စေခဲ့သူ Stanley Ho ကွယ်လွန်ပြီ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate