Health

၉ ရက်အတွင်း ဝူဟန်မှာ လူပေါင်း ၆ သန်းကျော်ကို COVID-19 စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ ၊ ဝူဟန်မြို့ကနေစတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကို တကျော့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဝူဟန်မြို့ကို Lockdown ရုတ်သိမ်းပြီး ၃၅ ရက်အကြာမှာ COVID-19 ကူးစက်လူနာသစ် ၆ ယောက် တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ကို ရောဂါ ရှိ၊ မရှိ ပြန်လည် စစ်ဆေးခဲ့ကြပါတယ်။

မေလ ၁၁ ရက်နေ့မှာတော့ ဝူဟန်မြို့မှာ နေထိုင်သူအားလုံးကို အခမဲ့ ရောဂါ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မေလ ၁၅ ရက်ကနေ မေလ ၂၃ ရက်အတွင်း လူပေါင်း ၉ သန်းကျော်ရဲ့ ဓာတ်ခွဲ နမူနာတွေကို ရယူနိုင်ခဲ့ပြီး လူ ၆ ဒဿမ ၅ သန်းရဲ့ ဓာတ်ခွဲအဖြေတွေကို ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဝူဟန်မြို့ရဲ့ လူပေါင်း ၈၀ ရာခိုင်နှုန်းကျော်ကို COVID-19 စစ်ဆေးပြီးခဲ့ပါပြီ။ မေလ ၂၁ ရက်နေ့တည်းမှာ တင် လူပေါင်း ၁ ဒဿမ ၄၇ သန်းကို စစ်ဆေးပေးနိုင်ခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေအနေနဲ့ ဝူဟန်မြို့က လူ ၁၁ သန်းကို ၁၀ ရက်အတွင်း COVID-19 စစ်ဆေးပေးမယ်လို့ ကြေညာထားပါတယ်။

ရောဂါ စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့ကို ၇၆ ရက်ကြာ Lockdown ချထားပြီးနောက် ဧပြီ ၈ ရက်နေ့မှာ ပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။ ဒါကြောင့်လည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ခဲ့သလို စားသောက်ဆိုင်တွေနဲ့ ပန်းခြံတွေကိုလည်း ပြန် လည် ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမဲ့ ရောဂါကူးစက်လူနာသစ် ၆ ယောက်ကို ဝူဟန်မြို့မှာ ပြန်တွေ့ပြီး နောက်ပိုင်းမှာတော့ တရုတ်အစိုးရအနေနဲ့ အလျင်အမြန်ပဲ ရောဂါရှာဖွေ စမ်းသပ်မှုတွေကို ပြုလုပ် လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ရောဂါကူးစက်မှုဆိုင်ရာ အကြီးအကဲဖြစ်သူ Wu Zunyou ကလည်း ရောဂါထပ်မံ မပြန့်ပွားသွားဖို့ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

သန်းနဲ့ချီတဲ့ လူတွေကို အချိန်တိုတိုအတွင်း စစ်ဆေးပေးနေတဲ့အတွက်လည်း ဝေဖန်မှုတွေ ခံနေရသလို တချို့တွေကတော့လည်း နေ့စဉ်ဘဝကို လုံလုံခြုံခြုံ လည်ပတ်အတွက်နိုင်ဖို့ ကောင်းမွန်တဲ့ လုပ်ရပ်အဖြစ် သုံးသပ်နေကြတယ်။ ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာ ၄ လအတွင်း လူပေါင်း ၁၄ သန်းကိုသာ စစ်ဆေးပေးနိုင်ခဲ့ပါတယ်။

Ref: CNN, Businessinsider

You may also like these stories:

သွေးလွန်တုပ်ကွေးရောဂါကြောင့် လာအိုမှာ လူသေဆုံးမှုများဖြစ်ပွား

စပိန်မှာ Lockdown ရုပ်သိမ်းရန် ကားများ စီတန်း မောင်းနှင် ဆန္ဒပြ

Did you find apk for android? You can find new Free Android Games and apps.
Loading