Health

အာရှမှာ အင်ဒိုနီးရှားက ကိုဗစ်ကူးစက်မှု တတိယအများဆုံး ဖြစ်လာနိုင်

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယပြီးရင် အာရှမှာ ကိုဗစ် ကူးစက်မှုနှုန်း အများဆုံးနိုင်ငံဖြစ်လာနိုင် တယ်လို့ ထိပ်တန်း ကူးစက်ရောဂါ ပညာရှင်တယောက်က ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားတက္ကသိုလ် တခုက ထိပ်တန်း ကူးစက်ရောဂါ ပညာရှင်တယောက်ဖြစ်သူ Pandu Riono ကလည်း အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် စက်တင်ဘာလကနေ အောက်တိုဘာလအတွင်း COVID-19 ကူးစက်ခံရသူ နေ့စဉ် ၄၀၀၀ ကျော် ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေတရက်တည်း အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူ ၁,၆၀၇ ယောက် ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကူးစက်သူပေါင်း ၆၄,၉၅၈ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၃၀၀၀ ကျော်သွားခဲ့ပါပြီ။

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံဟာ ကိုဗစ်ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံပါ။ လက်ရှိအချိန်မှာလည်း အင်ဒိုနီးရှားနိုင်ငံက ကူးစက်မှုနှုန်း မြင့်တက်နေဆဲပါပဲ။

ရောဂါကူးစက်မှုကို သေသေချာချာသိနိုင်ဖို့ ၂ ဆ (သို့မဟုတ်) ၃ ဆအထိ ကျယ်ပြန့်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ Pandu Riono က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ကူးစက်ခံထားရသူအရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး။

စစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်ဆိုရင် ကူးစက်ခံထားရသူ အရေအတွက်က ပိုပြီး များပြားလာနိုင်ပါတယ်။ ရောဂါလက္ခဏာ မပြသူတွေကို အင်ဒိုနီးရှား အစိုးရအနေနဲ့ စမ်းသပ်စစ်ဆေးတာမျိုး ဆောင်ရွက်ခြင်း မရှိဘူးလို့ Pandu Riono က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေ ထူထပ်လွန်းတဲ့ နိုင်ငံတနိုင်ငံပါ။ လက်ရှိအချိန်မှာတော့ အင်ဒိုနီးရှားမှာ လူ ၁၀,၀၀၀ နဲ့ ၂၀,၀၀၀ ကြားကိုသာ စစ်ဆေးပေးနိုင်ပါတယ်။ လက်ရှိ ကမ္ဘာတဝှမ်း COVID-19 ရောဂါ ကူးစက်ခံနေသူ အရေအတွက် ၁၁ သန်းကျော် ရှိနေပြီး လူပေါင်း ၅ သိန်းကျော် သေဆုံးခဲ့ပါတယ်။ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ အရေအတွက်ကတော့ ၆ သန်းကျော် ရှိခဲ့ပါတယ်။

ကူးစက်မှု အများဆုံး ၅ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားနဲ့ ပီရူးနိုင်ငံတို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့လည်း ကူးစက်မှု နံပါတ် ၂၆ နေရာကနေ ရှိနေပါတယ်။

Ref: Sydney Morning Herald

You may also like these stories:

ကိုဗစ် ကူးစက်သူ အရေအတွက် ၁၁ သန်း ပြည့်တော့မည်

ကိုဗစ် ကုသမှုအတွက် remdesivir ဆေးကို ဒေါ်လာ ၂၃၄၀ ဖြင့် ရောင်းချမည်

တုပ်ကွေးပိုးသစ်တမျိုး တရုတ်မှာ တွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading