မကြာသေးခင်အချိန်တုန်းကပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က COVID-19 ကို ထိန်းချုပ်နိုင်ပြီလို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်မှာ COVID-19 ကူးစက်သူ အရေအတွက် ပိုမိုများပြားလာပြီး သေဆုံးသူ အရေအတွက်လည်း များပြားလာပါတယ်။
လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်သူ အရေအတွက် ၅ ဒဿမ ၁ သန်းကျော် ရှိနေပြီး သေဆုံးသူ အရေအတွက်ကတော့ ၁၆၀,၀၀၀ ကျော်သွားခဲ့ပါပြီ။
Johns Hopkins တက္ကသိုလ်ရဲ့ပြောကြားချက်အရ အမေရိကန်နိုင်ငံဟာ COVID-19 ကို ထိန်းချုပ်ဖို့ခက်ခဲနေဆဲပဲလို့ ပြောကြားထားပါတယ်။ စစ်တမ်းတွေအရလည်း အမေရိကန်နိုင်ငံသားအများစုက COVID-19 ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး သမ္မတကို မကြည်ဖြူတဲ့ သဘောထားတွေ ပြသနေကြပါတယ်။
မကြာသေးခင် ရက်ပိုင်းလောက်ကစပြီး ကမ္ဘာတဝှမ်း COVID-19 ကူးစက်သူ အရေအတွက် မြင့်တက်လာခဲ့သလို သေဆုံးသူ အရေအတွက်လည်း မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာတ ဝှမ်း COVID-19 ကူးစက်ခံရသူ အရေအတွက် သန်း ၂၀ ကျော်အထိ ရှိလာခဲ့ပြီး သေဆုံးသူ အရေ အတွက်ကလည်း ၇ သိန်းကျော်အထိ ရှိလာခဲ့ပါတယ်။
ကူးစက်မှု အများဆုံး ၅ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားနဲ့ တောင်အာဖရိနိုင်ငံတို့ပဲဖြစ်ကြပါတယ်။ အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ အိန္ဒိယနိုင်ငံက ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်ပြီး လူပေါင်း ၂ သန်းကျော် ရောဂါကူးစက်ခံထားရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ရောဂါကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားနေတာ တွေ့ရပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကစပြီး ဖိလစ်ပိုင်နိုင်ငံမှာ ပြည်တွင်းကူးစက်မှုတွေ ပြန်လည် ဖြစ်ပေါ်နေပြီး လူပေါင်း ၁၂၀၀၀ ကျော် ရောဂါကူးစက်ခံထားရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID-19 ကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး လူပေါင်း ၅၀၀၀ ကျော် COVID-19 ကြောင့် သေဆုံးခဲ့ရပါတယ်။
အမေရိကန်မှာ COVID-19 ကူးစက်သူ အရေအတွက် မြင့်တက်နေသလိုပဲ ချီလီနိုင်ငံမှာ ရောဂါကူးစက်သူ အရေအတွက်နဲ့ သေဆုံးသူ အရေအတွက်က မြင့်တက်နေပါတယ်။ အိန္ဒိယနိုင်ငံ ဆေးဘက်ဆိုင်ရာအသင်းရဲ့ပြောကြားချက်အရ အိန္ဒိယနိုင်ငံက ဆရာဝန်ပေါင်း ၂၀၀ ကျော်လောက် COVID-19 ကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ref: bangkokpost, aljazeera
You may also like these stories:
ယူအေအီးတွင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် နီးစပ်နေပြီ
COVID-19 ကို ထိန်းချုပ်နိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
အမေရိကန်မှာ COVID-19 ကူးစက်ခံရတဲ့ ခွေး သေဆုံး