• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မန်ယူရဲ့အရှုံးနဲ့ အပြန်လမ်း၊ မန်စီတီးရဲ့ အနိုင်ထဲကအရှုံး

by မောင်လင်းဝေ
8 December 2011
in Lifestyle
A A
မန်ယူရဲ့အရှုံးနဲ့ အပြန်လမ်း၊ မန်စီတီးရဲ့ အနိုင်ထဲကအရှုံး

ဗုဒ္ဓဟူးနေ့က ဘေဆယ်ရဲ့အိမ်ကွင်းမှာ ဘောလုံးလုနေကြတဲ့ မန်ယူအသင်းက နာနီ နဲ့ ဘေဆယ်အသင်းက ဂျိုဟိုပတ် (ဓာတ်ပုံ - AP)

1.2k
VIEWS
Share on FacebookShare on Twitter

ချန်ပီယံလိဂ် ရှုံးထွက် နောက်အဆင့်မှာ ဆက်လက် ကစားဖို့ အဆင်သင့် ဖြစ်နေတဲ့ အသင်းတွေမှာ အင်္ဂလန်က အာဆင်နယ်၊ အီတလီက အင်တာမီလန်နဲ့ အေစီမီလန်၊ စပိန်က ဘာစီလိုနာနဲ့ ရီးရဲယ် မက်ဒရစ်၊ ဂျာမဏီက ဘေယန်မြူးနစ်။ ဆိုက်ပရပ်က အပိုနီတိုးရှား၊ ရုရှားက ဇင်းနစ်၊ ဟော်လန်က အေဂျက် စတဲ့ အသင်း (၉) သင်းက အုပ်စုလိုက် ဇယားထိပ်တွေမှာ ရှိနေတဲ့အတွက် နောက်တဆင့် တက်ခွင့်ရပြီးတဲ့ အသင်းတွေလို့ပြောရမှာပါ။

ဗုဒ္ဓဟူးနေ့က ဘေဆယ်ရဲ့အိမ်ကွင်းမှာ ဘောလုံးလုနေကြတဲ့ မန်ယူအသင်းက နာနီ နဲ့ ဘေဆယ်အသင်းက ဂျိုဟိုပတ် (ဓာတ်ပုံ – AP)

ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အဆုံးအဖြတ် နောက်ဆုံးပွဲစဉ်တွေမှာ ဖိအားတွေ၊ ဝေဖန်မှုတွေ နဲ့ အင်္ဂလန် ကလပ်သင်းတွေဟာ ကစားကြရပါတယ်။ ပြင်းပြင်း ထန်ထန် ရုန်းကန်ခဲ့ကြတဲ့ အင်္ဂလန်အသင်းတွေထဲက ချဲဆီး၊ မန်ယူ၊ မန်စီတီး အသင်းတွေထဲမှာ ချဲဆီးအသင်းဟာ အိမ်ကွင်းမှာ ဒရော့ဘာ နဲ့ ယာမီရီ တို့ရဲ့ ဂိုးတွေနဲ့ ဗလင်စီယာကို ၃ ဂိုးပြတ် အနိုင် ကစားနိုင်ခဲ့တဲ့အတွက် တဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
345
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
401
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
905

လက်ကျန် ၇ ပွဲမှာ  အင်္ဂလန်အသင်းတွေဖြစ်တဲ့ နည်းပြဖာဂူဆန်ရဲ့မန်ယူနဲ့ မန်စီနီရဲ့ မန်းစီးတီးတို့ဟာ ဖိအားပေးမှုတွေကို ချေဖျက် ကျော်လွှားနိုင်ဖို့ အဝေးကွင်းတွေမှာ ယဉ်ပြိုင်ခဲ့ကြရပါတယ်။ သို့ပေမဲ့ မန်ယူအသင်းဟာ  ဘေဆယ်ကို အဝေးကွင်းမှာ ၂း၁ နဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြ ဖာဂါဆန် အပါအဝင် မန်ယူပရိသတ် ခံပြင်း ဒေါသထွက်ကြရပါတယ်။ ဘေဆယ်အသင်းဟာ မားကိုစတယ်လာ နဲ့ အလက်ဇန္ဒားဖာရီတို့ နှစ်ဦးရဲ့ အနိုင်ဂိုးတွေကြောင့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ထိပ်ကနေ ဦးဆောင်ကစားနေကျ အသင်းကြီး မန်ယူကို အနိုင်ယူလိုက်ပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ဒါဟာ ဘေဆယ်အသင်းရဲ့ သမိုင်းမှာ ဒီအဆင့်ကိုရောက်တာ ဒုတိယအကြိမ်မြောက်ပဲ ရှိပါသေးတယ်။

အခုလို မန်ယူအသင်း ဒီအဆင့်က ထွက်သွားရတဲ့အတွက် ချန်ပီယံလိဂ်မှာ အစဉ်အလာရှိတဲ့ အင်္ဂလန်အသင်းတွေ နေဝင်တော့မှာလားလို့ မေးခွန်း ထုတ်စရာ၊ ဝေဖန်စရာ ဖြစ်လာပါတယ်။ မန်ယူက အိမ်ရှင် ဘေဆယ်အသင်းကို ဖိ ကစားထားပေမဲ့ အိမ်ရှင်အသင်းရဲ့ ခံကတုတ်စည်းကို မဖောက်နိုင်ခဲ့ပါဘူး။ ဘေဆယ်အသင်းရဲ့ တိုက်စစ်ကို ခုခံဖျက်ထုတ်တာတွေ လျော့လျဲပြီး မန်ယူရဲ့တိုက်စစ်ဟာ မမြှင့်တင်နိုင်ဘဲ ဘောလုံး ဆုံးရှုံးမှုတွေသာ ကြုံခဲ့ရပါတယ်။ ဖီလ်ဂျုံးစ်က တဂိုး သွင်းပေးပြီး မန်ယူအသင်းကို မျှော်လင့်ချက် ပေးနိုင်ခဲ့ပေမဲ့ အင်မတန် နောက်ကျသွားပြီမို့ အရှုံးရလဒ်နဲ့ နောက်ကြောင်း လှည့်ခဲ့ရတာပါ။ ၂၀၀၅- ၂၀၀၆ ရာသီက စလို့ ဒီတကြိမ်ဟာ ၁၆ အသင်း အဆင့်ကို မတက်နိုင်တာ မန်ယူအတွက် ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်က “ဘယ်လို ခံစားရမှန်းမသိအောင် စိတ်ပျက်ရပါတယ်ဗျာ” လို့ ဆိုရတဲ့အထိ ညည်းတွားခဲ့ရတဲ့ မန်ယူအတွက် သမိုင်းဝင် ရှုံးနိမ့်မှုပါ။ ဒီအတွက် ပရီမိးယားလိဂ် ပြိုင်ပွဲကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ပြိုင်ပွဲ အစဉ်အလာကောင်းတွေ၊ ရလဒ်ကောင်းတွေရှိတဲ့ အသင်းကြီးဖြစ်ပါတယ်။ ဘေယန်မြူးနစ်ကွင်းမှာ ကစားရတဲ့  မန်စီတီး အသင်းဟာ ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်တယ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမဲ့ အကျပ်အတည်းများနဲ့ မန်စီတီး ဆိုတာရယ်၊  ဥရောပရဲ့ အကောင်းဆုံး ၁၆ သင်းမှာ မန်စီတီး ပါလာမလား ဆိုတဲ့ မီဒီယာက အသံတွေဟာ နည်းပြမန်စီနီအတွက် သတိပေး သံချောင်းခေါက်သံတွေ ဖြစ်ခဲ့ပါတယ်။

မန်စီတီးအတွက် အခွင့်အလမ်းတခုကတော့ ဘေယန်မြူးနစ်အသင်းဟာ ဒီပွဲမကစားမီ အုပ်စု (က) မှာ ၇ မှတ် ၁၀ မှတ် နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အတွက် အရံတွေကို ထုတ်သုံးပြီး သရေလောက်ပဲ ကစားမယ် ဆိုတဲ့ အချက်ပါ။ ယှဉ်ပြိုင်ကစားတဲ့အခါမှာတော့ ထင်ထားတာထက် မန်စီးတီးဟာ တိုက်စစ်နဲ့ တောက်လှျှောက် ဖွင့်ကစားပြီး ဘေယန်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဆေးဗားလ် (၃၆ မိနစ်)၊ တိုရေး ( ၅၂ မိနစ်)  တို့ရဲ့ ဂိုးတွေနဲ့ ဘေယန်ကို အနိုင်ရခဲ့ပေမဲ့ နာပိုလီကလည်း ဗီလာရီးရဲကို (၂းဝ) နဲ့ နိုင်လိုက်တဲ့အတွက် မန်စီတီးဟာ ဥရောပ  အကောင်းဆုံး (၁၆) သင်းမှာ မပါနိုင်ဘဲ ကျန်ခဲ့ရပါပြီ။ မန်ယူ မန်စီတီး (မြို့ခံ ၂ သင်း) ရဲ့ ရလဒ်တွေဟာ မန်ချက်စတာမြို့သားတွေ အတွက်တော့ ကြေကွဲ၍ မဆုံးနိုင် ဖြစ်ကြမှာ သေချာလှပါတယ်။

၂၀၁၂ ဇွန်လမှာ ကျင်းပမယ့် ယူရို ၂၀၁၂ ဥရောပ ချန်ပီယံ ဗိုလ်လုပွဲအတွက် အုပ်စုတွေ မဲနှိုက်ခဲ့ကြပါတယ်။ အုပ်စု (က) မှာ ပိုလန်၊ ဂရိ၊ ရုရှား၊ ချက်။ အုပ်စု (ခ) မှာ ဟော်လန်၊ ဂျာမဏီ၊ ပေါ်တူဂီ၊ ဒိန်းမတ်။ အုပ်စု (ဂ) မှာ စပိန်၊ အီတလီ၊ အိုင်ယာလန်၊ ခရိုအေးရှား။ အုပ်စု (ဃ) မှာ ယူကရိန်း၊ အင်္ဂလန်၊ ပြင်သစ်၊ ဆွီဒင်တို့ ဖြစ်ကြပါတယ်။

စပိန်နည်းပြ ဒဲလ်ဘော့စကီးက ယူရို – ၂၀၁၂ ဗိုလ်လုပွဲစဉ်မှာ ဂျာမဏီအသင်းနဲ့ တွေ့ချင်တယ်၊  အီတလီအသင်းဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လာမယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဘီတီက လက်ရှိချန်ပီယံ စပိန် နဲ့ စောစောစီးစီး ဆုံတွေ့ရတာ ဝမ်းသာပါတယ်လို့ တုန့်ပြန်လိုက်ပါတယ်။

အုပ်စု (ဃ) မှာပါဝင်တဲ့ အင်္ဂလန်ဟာ ပြိုင်ဘက်ဟောင်းကြီးဖြစ်တဲ့ ပြင်သစ်နဲ့ ထိပ်တိုက် တွေ့ဆုံမှာ ဖြစ်ပါတယ်၊ အုပ်စု (ခ) ကတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် မရဏအုပ်စုလို့ သတ်မှတ်ထား ကြပါတယ်၊ အုပ်စု (က) မှာ ပါဝင်တဲ့ အသင်းတွေကတော့ ခြေမကွာတဲ့ အတွက် ကစားပွဲတွေကရမယ့် အဖြေကို စောင့်ကြည့်ရမှာပါ။

Your Thoughts …
မောင်လင်းဝေ

မောင်လင်းဝေ

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
Eleven ဂျာနယ် နိုင်ငံတကာဆု ရရှိ

Eleven ဂျာနယ် နိုင်ငံတကာဆု ရရှိ

ဆင်နဲ့နဂါး မလှည့်စားနဲ့

ဆင်နဲ့နဂါး မလှည့်စားနဲ့

Please login to join discussion
No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate