• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ရင်ခုန်ရမယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များ

by ချမ်းအေး
19 December 2011
in Lifestyle
A A
ရင်ခုန်ရမယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များ

သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ၊ UEFA ဌာနချုပ်မှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များအတွက် မဲခွဲရာမှာ UEFA အထွေထွေ အတွင်းရေးမှူး Gianni Infantino ကလည်း မဲနှိုက်ပေးခဲ့ပါတယ် (ဓာတ်ပုံ - AP)

988
VIEWS
Share on FacebookShare on Twitter

သောကြာနေ့က ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များ မဲခွဲအပြီးမှာ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ဟာ ခက်ခဲတဲ့ အီတလီအသင်းနဲ့ တွေ့ရပါတော့မယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်မှာ(၇) ကြိမ် ဗိုလ်စွဲဖူးတဲ့ အေစီမီလန်အသင်းနဲ့ ဆုံရမှာဖြစ်ပြီး ချယ်လ်ဆီးကတော့ အုပ်စုတွင်းမှာ မန်စီးတီးကို ဖြုတ်ချခဲ့တဲ့ နာပိုလီအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ၊ UEFA ဌာနချုပ်မှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များအတွက် မဲခွဲရာမှာ UEFA အထွေထွေ အတွင်းရေးမှူး Gianni Infantino ကလည်း မဲနှိုက်ပေးခဲ့ပါတယ် (ဓာတ်ပုံ - AP)

ဒီ ပရီးမီးယားလိဂ် နှစ်သင်းစလုံးဟာ အုပ်စုအဆင့်မှာ ပထမကိုယ်စီ ရရှိခဲ့ပြီးတဲ့နောက် အုပ်စု ဒုတိယအသင်းတွေနဲ့ မဲကျခဲ့တာဖြစ်ပါတယ်။ အုပ်စု ဒုတိယရခဲ့တဲ့ အသင်းတွေထဲမှာ ဆိုရင် အေစီမီလန်နဲ့ နာပိုလီတို့ဟာ ပြိုင်ဘက်တွေအတွက် အခက်ခဲဆုံးအသင်းတွေလို့ ပြောလို့ရမှာပါ။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
600
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
263

အာဆင်နယ်အသင်းဟာ ၂၀၀၈ တုန်းက ချန်ပီယံလိဂ် ရှုံးထွက် ပထမအဆင့်မှာ အေစီမီလန်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ အာဆင်နယ် အသင်းက အနိုင်ရပြီးနောက် တဆင့်ကို တက်ခဲ့တာပါ။ ပြီးတော့ တခြား အီတလီ အသင်းတွေနဲ့ (၈) ကြိမ် တွေ့ဆုံခဲ့ဖူးပြီး (၈) ကြိမ်စလုံး အာဆင်နယ်အသင်းက ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတခေါက်မှာတော့ အရင်လို မလွယ်လောက်ပါဘူး။ အီတလီစီးရီးအေ ချန်ပီယံဖြစ်တဲ့ အေစီမီလန်ဟာ အုပ်စုတွင်းမှာ ဘာစီလိုနာရဲ့ နောက်ကနေ ဒုတိယရပြီး နောက်တဆင့် တက်လာတာကြောင့် ဖြစ်ပါတယ်။

“အာဆင်နယ်အသင်းဟာ လူငယ်ကစားသမားတွေ မွေးထုတ်ပေးတဲ့နေရာမှာ သိပ်ကို ကောင်းပါတယ်။ ဗန်ပါစီ ဆိုရင်လည်း ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူး တယောက်ပါ။ လောလောဆယ် သူတို့အသင်းမှာ ဒဏ်ရာပြဿနာ နည်းနည်း ရှိပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ အင်အားကြီး အသင်းဖြစ်ပြီး အာဆင်ဝင်းဂါးကလည်း အင်မတန်ထူးချွန်တဲ့ နည်းပြတယောက်ပါပဲ” လို့ အေစီမီလန် ဒါရိုက်တာ အမ်ဘာတို ဂန်ဒီနီက မဲခွဲမှုတွေ အပြီးမှာ ပြောခဲ့ပါတယ်။

“ကျနော်တို့ တွေ့ချင်တဲ့ တခြားအသင်းတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အေစီမီလန်နဲ့ ရင်ဆိုင်ရတော့မှာ ဆိုတော့ ပွဲကြီးပွဲကောင်းပါပဲ။ ပြီးခဲ့တဲ့နှစ်တွေမှာ ကျနော်တို့ အေစီမီလန်နဲ့တွေ့တိုင်း  ရလဒ်တွေ ကောင်းခဲ့ပါတယ်” လို့ အာဆင်နယ်ဒါရိုက်တာ ဒေးဗစ် မိုင်းလ်စ်က သူ့ထင်မြင်ချက်ကို ပြောပြသွားပါတယ်။

ချယ်လ်ဆီးအသင်းအတွက်ကတော့ နာပိုလီဟာ သတိထားရမယ့် ပြိုင်ဘက်ပါ။ ချယ်လ်ဆီးနဲ့ နာပိုလီ တို့ဟာ အရင်က ဥရောပပွဲစဉ်တွေမှာ တခေါက်မှ မဆုံဖူးသေးလို့ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲတပွဲ ဖြစ်လာနိုင်ပါတယ်။ အုပ်စု ပွဲစဉ်တွေတုန်းက မန်စီးတီးကို ဖြုတ်ချပစ်ခဲ့တဲ့ နာပိုလီရဲ့ ခြေစွမ်းကို ချယ်လ်ဆီးတို့ ကောင်းကောင်း သတိထားရမှာ အသေအချာပါပဲ။

နာပိုလီအသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ကာဗာနီ၊ လာဗက်ဇီ နဲ့ ဟမ်ဆစ်တို့ တသိုက်ဟာ ချယ်လ်ဆီးကို ကောင်းကောင်း ဒုက္ခပေးသွားနိုင်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ နာပိုလီအသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ အိမ်ကွင်း ရှုံးပွဲမရှိ စံချိန် တင်ထားတာ (၁၇) နှစ် ရှိပြီ ဆိုတာပါပဲ။

“သေချာပေါက် ခက်ခဲမယ့် ပွဲပါပဲ။ နာပိုလီအသင်းဟာ အုပ်စုပွဲတွေမှာ ကောင်းကောင်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကျနော်တို့ ချယ်လ်ဆီးအသင်း အတွက်ကတော့ အတွေ့အကြုံ အသစ်ပါပဲ” လို့ ချယ်လ်ဆီးအသင်းရဲ့ အတွင်းရေးမှူး ဒေးဗစ်ဘားနတ်ဒ်က ပြောပါတယ်။

တခြား စိတ်ဝင်စားစရာ ပွဲစဉ်တွေကတော့ ဘာစီလိုနာနဲ့ ဘေယာလီဗာကူဆင်၊ ရီးယဲလ်မက်ဒရစ်နဲ့ CSKA မော်စကို တို့ ဖြစ်ပါတယ်။ ၂၀၁၀ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ အင်တာမီလန်အသင်းကတော့ ပြင်သစ်ကလပ် မာဆေးလ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပြီး အုပ်စုတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ဖြုတ်ချခဲ့တဲ့ ဆွစ်ဇာလန်ကလပ် ဘေဆယ်လ် အသင်းကတော့ ဘေယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

“ကျနော်တို့ အာရုံ အပြည့် စိုက်ပြီး အင်တိုက်အားတိုက် ကစားနိုင်ရင် ကွာတားဖိုင်နယ်ရောက်ဖို့ အခွင့်အရေးကောင်းပဲ။ ဒါပေမယ့် ဘေဆယ်လ်အသင်းကိုတော့ လုံးဝ လျှော့မတွက်ပါနဲ့” လို့ ဘေယန်မြူးနစ်အသင်းရဲ့ အမှုဆောင်ချုပ် ကားလ်ဟိန့်ဇ်က မဲခွဲမှုအပြီးမှာ ပြောလိုက်ပါတယ်။

ဂျာမန်လိဂ်မှာ အဆင့် (၆) နေရာမှာ ရပ်တည်နေတဲ့ ဘေယာလီဗာကူဆင် အသင်းနဲ့ ရင်ဆိုင်ရမယ့် ဘာစီလိုနာ အသင်းကတော့ နောက်တဆင့်တက်ဖို့ အလားအလာ ကောင်းမွန်နေပါတယ်။ ပိုကောင်းတာကတော့ ရေခဲမှတ်အောက် ရောက်အောင် အေးလှတဲ့ မော်စကို အထိ သွားရမယ့် ဘေးကနေ ကင်းလွတ်ခဲ့တာပါပဲ။

“ရုရှားက အသင်းတွေကို ကျနော်တို့ ရှောင်ချင်ပါတယ်။ ခရီးက ဝေးလို့ ပုံမှန်ထက်ကို တရက် ကြိုသွားရတယ်။ ပြီးတော့ ရာသီဥတုကလည်း အရမ်းအေးတယ်။ ကျနော်တို့ လီဗာကူဆင်နဲ့ နောက်တဆင့်မှာ ကန်ရမှာပါ။ ဒါ အင်မတန် ကောင်းပါတယ်။ အသင်းတိုင်းမှာတော့ အားနည်းချက် အားသာချက် ကိုယ်စီ ရှိကြတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အာရုံ အပြည့်စိုက်ထားရမှာပါ” လို့ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ  ဆန်ဒရို ရော့ဆဲလ်က ပြောပါတယ်။

ဂျာမနီအသင်းရဲ့ ကပ္ပတိန်ဟောင်း ပါဝင်တဲ့ လီဗာကူဆင်အသင်းဟာ ဂျာမန်လိဂ်မှာ ဒုတိယ (၅) ကြိမ် ရဖူးပြီး ချန်ပီယံ တခါမှ မဖြစ်ဖူးသေးပါဘူး။ ချန်ပီယံလိဂ်မှာတော့ ၂၀၀၁-၀၂ ရာသီမှာ ဒုတိယ ရဖူးပါတယ်။

“ကျနော်တို့ လက်ရှိချန်ပီယံ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ်။ တကယ်တော့ ကျနော်တို့ကို ဖျက်မြင်း အဆင့်လောက်သာ သတ်မှတ်ကြမှာပါ။ ဒါပေမယ့် ကျနော်တို့အသင်း ပရိသတ်တွေနဲ့ လူငယ် ကစားသမားတွေ အတွက်တော့ ဘာစီလိုနာလိုမျိုး အသင်းနဲ့ တွေ့ဆုံရတာဟာ အိပ်မက်လိုပါပဲ။ အားလုံးကြိုးစားကြမယ် ဆိုရင် ဘာစီလိုနာကို ကျနော်တို့ ဒုက္ခပေးနိုင်ပါတယ်” လို့ လီဗာကူဆင် အသင်းရဲ့ အားကစား ဒါရိုက်တာ ရူဒီဗိုလာက မှတ်ချက်ပေးခဲ့ပါတယ်။

ဘာစီလိုနာရဲ့ လာလီဂါပြိုင်ဖက် ရီးယဲလ် မက်ဒရစ်ကိုတော့ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး။ CSKA မော်စကို နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ရာသီဥတု အင်မတန် အေးနေတဲ့ အချိန်မှာမှ မော်စကိုမှာ ကန်ရမှာပါ။ အပူချိန်ဟာ ရေခဲမှတ်အောက် ရောက်နေမှာ ဖြစ်တဲ့ အတွက် ရာသီဥတု ပူနွေးတဲ့ စပိန်ကနေ ခရီးနှင်ရမယ့် ရီးယဲလ်မက်ဒရစ် အတွက် မလွယ်ကူလှပါဘူး။ ပြီးတော့ မြက်ခင်းတုကွင်းမှာ ကန်ရမှာမို့ ရီးယဲလ်မက်ဒရစ်ရဲ့ ကစားဟန်ကို အနည်းနဲ့ အများ သက်ရောက်မှုရှိနိုင်ပါတယ်။

အိမ်ကွင်းပွဲအတွက်ကတော့ ရီးယဲလ်တို့ စိတ်ပူစရာ မလိုဘူး လို့ ယူဆနိုင်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကို ၂၀၁၂ မေလအတွင်း ဂျာမနီနိုင်ငံ မြူးနစ်မြို့က အဲလိုင်ယန့်ဇ် အေရီနာကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် နောက်ဆုံး (၁၆) သင်း ရှုံးထွက်ပွဲစဉ်များ

အိုလံပစ် လီယွန် – APOEL နီကိုးရှား

နာပိုလီ – ချယ်လ်ဆီး

အေစီမီလန် – အာဆင်နယ်

ဘေဆယ်လ် – ဘေယန်မြူးနစ်

ဘေယာလီဗာကူဆင် – ဘာစီလိုနာ

CSKA မော်စကို – ရီးယဲလ်မက်ဒရစ်

ဇင်းနစ် စိန့်ပီတာစ်ဘာ့ဂ် – ဘင်ဖီကာ

မာဆေးလ် – အင်တာမီလန်

*ပထမအကျော့ ပွဲစဉ်များကို ဖေဖောဝါရီလ (၁၄) (၁၅) နှင့် (၂၁) (၂၂) ရက်များတွင် ကျင်းပမည်။

*ဒုတိယအကျော့ပွဲစဉ်များကို မတ်လ (၆) (၇) နှင့် (၁၃) (၁၄) ရက်များတွင် ကျင်းပမည်။

Your Thoughts …
ချမ်းအေး

ချမ်းအေး

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

မြန်မာ့အရေး အားပေးသည့် ချက် သမ္မတဟောင်း ကွယ်လွန်

ထိုင်း ဝန်ကြီးချုပ် ယင့်လပ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate