မရောင်းသင့်သေးပါဘူး။
ဒီရာသီကုန်တဲ့အထိ လီဗာပူးလ်က သူ့ကို ထိန်းထားသင့်ပါတယ်။ သူက အခုမှ အသက် (၂၃) နှစ် ပဲ ရှိသေးတာကြောင့် လီဗာပူးလ်ကသူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို မလွှင့်ပစ်သင့်သေးပါဘူး။
သူ့ကို အင်္ဂလန် နည်းပြဟောင်း ကီဗင်ကီးဂန်းက “သူ့ခန္ဓာကိုယ်ကြောင့် ပြိုင်ဘက် ကစားသမားတိုင်း လဲကျသွားနိုင်တယ်” လို့ ပြောပါတယ်။
ယူရို ၂၀၁၂ လူစာရင်းအတွက် သူ့ကို ရွေးခဲ့ပေမယ့် အင်္ဂလန်နည်းပြ ကာပယ်လိုက ကာရိုး အရက်စွဲတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ဖူးပါတယ်။ ကာရိုးအနေနဲ့လည်း နယူးကာဆယ်မှာ ကစားစဉ်က ခြေစွမ်းမျိုး ပြန်ရအောင် လုပ်ပြသင့်ပြီး သူ့ရဲ့ ဆိုးရွားတဲ့ အရိပ်မည်းအောက်ကလည်း ရုန်းထွက်သင့်ပါတယ်။
ပံ့ပိုးမှု အလုံအလောက် ရခဲ့သလား
ပံ့ပိုးမှုတွေ နည်းခဲ့လို့ ကာရိုး ရုန်းကန်ခဲ့ရပါတယ်။
သူသာ မန်ယူအသင်းရဲ့ တိုက်စစ်မှူးတယောက် ဖြစ်မယ် ဆိုရင် မန်ယူရဲ့ တောင်ပံကစားသမားတွေ ဖြစ်တဲ့ နာနီ၊ ဗလင်စီယာ၊ အက်ရှ်လေယန်းတို့ရဲ့ ဖြတ်တင်ဘောတွေကြောင့် အခုထက်ပိုပြီး ခြေစွမ်းပြနိုင်မှာပါ။ လက်ရှိ လီဗာပူးလ်အသင်းမှာတော့ တောင်ပံလူ ဒေါင်းနင်း ခြေစွမ်း မပြနိုင်တဲ့ အခါမျိုးတွေမှာ ဖြတ်တင်ဘောတွေ သူ့ဆီ ရောက်မလာတာကြောင့် ကာရိုးအနေနဲ့ ဂိုးရဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် အရပ်အမောင်း ကောင်းပြီး ခေါင်းတိုက်ကောင်းတဲ့ သူ့ရဲ့အားသာချက်ကလည်း အလုပ်မဖြစ်ပါဘူး။
စတီဗင်ဂျာရတ် ဒဏ်ရာက ပြန်လည် သက်သာလာတာကြောင့် သူ့ရဲ့ တိကျတဲ့ ဘောလုံးပေးပို့မှုတွေကြောင့် ကာရိုး အနေနဲ့ ခြေစွမ်း ပြန်လည်ကောင်းလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာဆိုရင် ဂျာရတ်ဟာ ကာရိုးဆီကို ကောင်းမွန်တဲ့ ဖြတ်တင်ဘော (၄) ကြိမ် ပေးပို့နိုင်ခဲ့ပြီး ကာရိုး ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။
မနေ့ညကပွဲမှာ သူခြေစွမ်းပြနိုင်ခဲ့လား
ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
သူ ဘောလုံးနဲ့ တိုင်ပင်လွဲနေပြီး ဖြတ်တင်ဘောတွေက သူခေါင်းတိုက်လို့ မရနိုင်တဲ့ ခပ်လှမ်းလှမ်းကိုပဲ ရောက်သွားခဲ့တာပါ။ ဒုတိယပိုင်း ပြန်အစမှာလည်း လီဗာပူးလ်အသင်းရဲ့ ကစားကွက် အပြင်ဘက်ကို သူ ရောက်နေပါတယ်။
သူဟာ ပထမပိုင်း လေးမိနစ်မှာတင် အခွင့်အရေးကောင်းတခုရပါတယ်။ ဒါပေမယ့် ကန်ချက်ပြင်းတဲ့ သူ့ဘောလုံးကို ဂိုးသမားဂျိုးဟတ် ကာကွယ်နိုင်ခဲ့ပါတယ်။ ကာရိုးရဲ့ ကစားဟန် လေးပင်နေပြီး ဘောလုံးလည်း အပျက်များနေပါတယ်။ ခြုံကြည့်ရရင် ပွဲတပွဲလုံး သူနဲ့ မဆိုင်သလိုပါပဲ။
နယူးကာဆယ်ကနေ သူ ထွက်ခဲ့တာ သင့်လျော်ရဲ့လား
နယူးကာဆယ်ကနေ သူ မထွက်သင့်ပါဘူး။
နယူးကာဆယ်မှာ ရှိစဉ်အခါက စိန့်ဂျိမ်းပတ် ကွင်းကြီးက သူ့ကို ချစ်မြတ်နိုးပြီး အလန်ရှီးယားလက်သစ်လို့ တင်စားခဲ့ကြတာပါ။ နယူးကာဆယ်နဲ့ ပွဲပေါင်း (၉၀)မှာ (၃၃) ဂိုး သွင်းယူနိုင်ခဲ့သလို ဖန်တီးပေးမှုလည်း အများကြီး လုပ်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းကနေ သူ့ကို ဘယ်သူကမှ မောင်းထုတ်ခဲ့တာ မဟုတ်ပေမယ့် ပိုမြင့်တဲ့ အဆင့်တခုကို ရောက်မယ်လို့ သူခံစားရမှာပါ။ ပေါင် (၃၅) သန်း ဆိုတာကလည်း သူ့အတွက် ဖိအားတခု ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး ယုံကြည်မှုလည်း ပျောက်ဆုံးနေပါတယ်။
ကိုးကား – www.thesun.co.uk